-
ထွက်မြောက်ရာ ၂၈:၃၁-၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ “လက်ပြတ်ဝတ်ရုံကို အပြာရောင်ချည်တစ်မျိုးတည်းနဲ့ ရက်ရမယ်။+ ၃၂ ဝတ်ရုံမှာ လည်ပင်းပေါက် ဖောက်ရမယ်။ လည်ပင်းပေါက် မစုတ်ပြဲအောင် သံချပ်အင်္ကျီလို လည်ပင်းပေါက်အနားပတ်လည်ကို ရက်ပြီးကွပ်ရမယ်။ ၃၃ လက်ပြတ်ဝတ်ရုံရဲ့ အောက်အနားပတ်လည်မှာ အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်တွေနဲ့ လုပ်ထားတဲ့ သလဲသီးတွေ တပ်ရမယ်။ သလဲသီးတွေကြားမှာ ရွှေဆည်းလည်းတွေ တပ်ရမယ်။ ၃၄ ဝတ်ရုံရဲ့ အောက်အနားပတ်လည်မှာ ရွှေဆည်းလည်းနဲ့ သလဲသီးကို တစ်လုံးခြားစီ တပ်ရမယ်။ ၃၅ အာရုန်က အမှုဆောင်တဲ့အခါ လက်ပြတ်ဝတ်ရုံကို ဝတ်ထားရမယ်။ ယေဟောဝါရှေ့ သန့်ရှင်းရာဌာနတော်ထဲ သူဝင်ထွက်တဲ့အခါ ဆည်းလည်းသံမြည်တဲ့အတွက် သေဘေးကနေ လွတ်လိမ့်မယ်။+
-