-
ထွက်မြောက်ရာ ၈:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ငါ့လူမျိုးကို မလွှတ်ပေးရင် မင်းနဲ့ မင်းမှုထမ်းတွေ၊ လူတွေ၊ နန်းဆောင်တွေဆီ မှက်တွေ လွှတ်လိုက်မယ်။ အီဂျစ်တွေရဲ့အိမ်နဲ့ မြေတစ်ပြင်လုံးမှာ မှက်တွေ ပြည့်နေမယ်။ ၂၂ အဲဒီနေ့မှာ ငါ့လူမျိုးနေထိုင်တဲ့ ဂေါရှင်အရပ်ကိုတော့ ငါကာကွယ်မှာဖြစ်လို့ သူတို့ဆီမှာ မှက်တစ်ကောင်မှ မရှိစေရဘူး။+ ဒီပြည်မှာ ငါယေဟောဝါရှိတယ်ဆိုတာ ဒီနည်းနဲ့ မင်းသိရလိမ့်မယ်။+
-
-
ထွက်မြောက်ရာ ၉:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ နောက်တစ်နေ့မှာ အဲဒီကပ်ဘေးကို ယေဟောဝါ ကျရောက်စေတဲ့အတွက် အီဂျစ်တွေရဲ့ တိရစ္ဆာန်အားလုံး သေကုန်တယ်။+ အစ္စရေးတွေရဲ့ တိရစ္ဆာန်ကတော့ တစ်ကောင်မှ မသေဘူး။
-
-
ထွက်မြောက်ရာ ၉:၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ အစ္စရေးတွေနေထိုင်တဲ့ ဂေါရှင်အရပ်မှာတော့ မိုးသီး လုံးဝမကျဘူး။+
-
-
ထွက်မြောက်ရာ ၁၁:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ အီဂျစ်တွေနဲ့ အစ္စရေးတွေကို ယေဟောဝါ သီးခြားခွဲထားနိုင်မှန်းသိစေဖို့ အစ္စရေးတွေနဲ့ သူတို့ရဲ့တိရစ္ဆာန်တွေကို ခွေးတောင် ဟောင်ရဲမှာ မဟုတ်ဘူး။’+
-
-
ထွက်မြောက်ရာ ၁၂:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ မင်းတို့အိမ်မှာ သုတ်ထားတဲ့သွေးဟာ အမှတ်အသားပဲ။ အဲဒီသွေးကို ငါမြင်တဲ့အခါ ကျော်သွားမယ်။ အီဂျစ်ပြည်ကို ဒဏ်ခတ်တဲ့အခါ မင်းတို့အပေါ် ဖျက်ဆီးခြင်းဘေး ကျရောက်မှာ မဟုတ်ဘူး။+
-