ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၃:၁၉၊ ၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၉ ဒါပေမဲ့ ငါ့ရဲ့အားကြီးတဲ့လက်နဲ့ အတင်းအကျပ် မခိုင်းမချင်း အီဂျစ်ဘုရင်က မင်းတို့ကို သွားခွင့်ပြုမှာမဟုတ်မှန်း ငါကောင်းကောင်းသိတယ်။+ ၂၀ ဒါကြောင့် ငါလက်ဆန့်ပြီး အီဂျစ်ပြည်ကို ထူးဆန်းအံ့ဩဖွယ် လုပ်ရပ်တွေနဲ့ ဒဏ်ခတ်မယ်။ အဲဒီတော့မှ မင်းတို့ကို သူ လွှတ်ပေးမယ်။+

  • ထွက်မြောက်ရာ ၆:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ ယေဟောဝါက “ဖာရောကို ငါဘာလုပ်မယ်ဆိုတာ မင်း အခုတွေ့ရလိမ့်မယ်။+ ငါ့ရဲ့အားကြီးတဲ့လက်နဲ့ အစ္စရေးတွေကို လွှတ်ပေးအောင် လုပ်မယ်။ ငါ့ရဲ့အားကြီးတဲ့လက်ကြောင့် ဖာရောက သူတို့ကို တိုင်းပြည်ကနေ ထွက်သွားခိုင်းလိမ့်မယ်”+ ဆိုပြီး မောရှေကို ပြောတယ်။

  • ထွက်မြောက်ရာ ၁၀:၈-၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ဒါကြောင့် ဖာရောက မောရှေနဲ့အာရုန်ကို ပြန်ခေါ်ပြီး “မင်းတို့ရဲ့ဘုရား ယေဟောဝါကို ဝတ်ပြုဖို့ သွားကြ။ ဒါနဲ့၊ ဘယ်သူတွေ သွားကြမှာလဲ” လို့မေးတယ်။ ၉ မောရှေက “ယေဟောဝါဘုရားအတွက် ပွဲတော်ကျင်းပမှာဖြစ်လို့+ လူကြီးလူငယ်၊ သားသမီး၊ သိုးနွားတိရစ္ဆာန်အားလုံး သွားမှဖြစ်မယ်”+ လို့ပြောတော့၊ ၁၀ ဖာရောက “မင်းတို့ကိုရော ကလေးတွေကိုပါ လွှတ်ပေးမှ ယေဟောဝါက မင်းတို့နဲ့အတူ ရှိမတဲ့လား။+ မဖြစ်နိုင်ဘူး။ မင်းတို့မှာမကောင်းတဲ့အကြံရှိနေမှန်း အသိသာကြီး။ ၁၁ ယေဟောဝါကို ဝတ်ပြုချင်တယ်ဆိုရင်လည်း ယောက်ျားတွေပဲ သွားကြ။ မင်းတို့ အဲဒီလိုပဲ တောင်းဆိုခဲ့တာ မဟုတ်လား” ဆိုပြီး သူတို့ကို မောင်းထုတ်တယ်။

  • ဆာလံ ၁၀၅:၃၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၈ အီဂျစ်တွေက အစ္စရေးတွေကို ကြောက်လာတဲ့အတွက်

      သူတို့ထွက်သွားတဲ့အခါ ဝမ်းသာကြတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ