ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၁၅:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၅ သူတို့ကို ဟုန်းဟုန်းထတဲ့ရေ လွှမ်းမိုးသွားပြီ။ ကျောက်တုံးလိုပဲ ရေနက်ထဲ စုံးစုံးမြုပ်သွားပြီ။+

  • ထွက်မြောက်ရာ ၁၅:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၁၀ ကိုယ်တော် လေမှုတ်လိုက်တဲ့အခါ ရန်သူတွေကို ပင်လယ်ရေ လွှမ်းသွားတယ်။+

      လှိုင်းလုံးကြီးတွေအောက်မှာ ခဲသတ္တုလို နစ်မြုပ်သွားတယ်။

  • တရားဟောရာ ၁၁:၃၊ ၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ သူတို့က အီဂျစ်ပြည်မှာ အီဂျစ်ဘုရင်ဖာရောနဲ့ တစ်ပြည်လုံးအပေါ် ဘုရားပြခဲ့တဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေကို မမြင်ဖူးကြဘူး။+ ၄ အီဂျစ်စစ်တပ်နဲ့ ဖာရောရဲ့ မြင်းတွေ၊ စစ်မြင်းရထားတွေ ခင်ဗျားတို့နောက် လိုက်လာတဲ့အခါ ယေဟောဝါဘုရားက ပင်လယ်နီမှာ ရေနဲ့လွှမ်းမိုးပြီး ဘယ်လို အပြီးအပြတ် ဖျက်ဆီးခဲ့တယ်ဆိုတာကိုလည်း မမြင်ဖူးကြဘူး။+

  • ယောရှု ၂၄:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ မင်းတို့ရဲ့ ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ငါခေါ်ထုတ်လာပြီး+ ပင်လယ်နားကို ရောက်တဲ့အခါ အီဂျစ်တွေက စစ်မြင်းရထားတွေ၊ မြင်းစီးသူရဲတွေနဲ့အတူ ပင်လယ်နီအထိ လိုက်လာကြတာ။+ ၇ သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အတွက်+ ငါယေဟောဝါက သူတို့နဲ့ အီဂျစ်တွေကြားမှာ အမှောင်ထုကြီး ကျရောက်စေပြီး အီဂျစ်တွေအပေါ် ပင်လယ်ရေ လွှမ်းမိုးလိုက်တယ်။+ အီဂျစ်ပြည်မှာ ငါလုပ်ခဲ့တာတွေကို မင်းတို့ကိုယ်တိုင် မြင်ခဲ့တယ်။+ ဒီလိုနဲ့ တောကန္တာရမှာ နှစ်ပေါင်းများစွာ မင်းတို့ နေထိုင်ခဲ့ကြတယ်။+

  • နေဟမိ ၉:၁၀၊ ၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ ဖာရောနဲ့ မင်းမှုထမ်းတွေ၊ တိုင်းသူပြည်သားတွေက ကိုယ်တော့်လူမျိုးကို နှိပ်စက်မှန်း+ ကိုယ်တော်သိတဲ့အတွက် သူတို့ရှေ့မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြခဲ့တယ်။+ ဒီနည်းနဲ့  နာမတော်ကို ဒီနေ့အထိ ထင်ရှားစေခဲ့ပြီ။+ ၁၁ သူတို့ရှေ့မှာ ပင်လယ်ကို နှစ်ခြမ်းခွဲလိုက်တဲ့အတွက် ခြောက်သွေ့တဲ့မြေပေါ်မှာ သူတို့ ဖြတ်လျှောက်သွားကြတယ်။+ နောက်ကနေလိုက်လာတဲ့ ရန်သူတွေကိုတော့ ရေနက်ထဲ  ပစ်ချခဲ့တယ်။  လှိုင်းထန်တဲ့ ပင်လယ်ထဲ ကျောက်တုံးကို ပစ်ချသလိုပါပဲ။+

  • ဆာလံ ၇၈:၅၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅၃ ဘုရားက ဘေးကင်းလုံခြုံစွာ ဦးဆောင်ခေါ်လာတဲ့အတွက်

      သူတို့ ဘာကိုမှ မကြောက်ခဲ့ရဘူး။+

      ပင်လယ်ကြီးက ရန်သူတွေကို လွှမ်းမိုးပစ်လိုက်တယ်။+

  • ဟီဘရူး ၁၁:၂၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၉ ယုံကြည်ခြင်းကြောင့် အစ္စရေးတွေက ပင်လယ်နီကို ခြောက်သွေ့တဲ့ မြေပြင်လို ဖြတ်သွားခဲ့တယ်။+ ဖြတ်ဖို့ကြိုးစားတဲ့ အီဂျစ်လူတွေကတော့ ရေနစ်သေဆုံးသွားတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ