-
ကမ္ဘာဦး ၁၅:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ အဲဒီအခါ ဘုရားသခင်က အာဗြံကို “မင်းရဲ့မျိုးနွယ်ဟာ တခြားတိုင်းပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေရလိမ့်မယ်။ အဲဒီမှာ နှစ်ပေါင်း ၄၀၀ ကျွန်ခံပြီး ညှဉ်းဆဲခံရလိမ့်မယ်ဆိုတာ မှတ်ထားပါ။+ ၁၄ ဒါပေမဲ့ သူတို့ကို ကျွန်အဖြစ် ခိုင်းစေတဲ့လူမျိုးကို ငါတရားစီရင်မယ်။+ သူတို့ဟာ ပစ္စည်းဥစ္စာတစ်ပွေ့တစ်ပိုက်နဲ့ ထွက်သွားကြရလိမ့်မယ်။+
-
-
ထွက်မြောက်ရာ ၆:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ အခု အီဂျစ်တွေရဲ့ ကျွန်ဘဝရောက်နေတဲ့ အစ္စရေးလူတွေ ညည်းတွားအော်ဟစ်တာကို ကြားတော့ ငါ့ကတိကို သတိရပြီ။+
-
-
တောလည်ရာ ၂၀:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဘိုးဘေးတွေဟာ အီဂျစ်ပြည်ကို သွားပြီး+ အဲဒီမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တယ်။+ အီဂျစ်တွေက ဘိုးဘေးတွေနဲ့ ကျွန်တော်တို့ကို နှိပ်စက်ခဲ့တယ်။+ ၁၆ ကျွန်တော်တို့ အော်ဟစ်အကူအညီတောင်းတော့+ ယေဟောဝါဘုရား နားထောင်ပါတယ်။ ဒါကြောင့် ကောင်းကင်တမန်စေလွှတ်ပြီး+ ကျွန်တော်တို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့ပါတယ်။ အခု၊ မင်းကြီးရဲ့ တိုင်းပြည်နယ်စပ်မှာရှိတဲ့ ကာဒေရှမြို့ကို ရောက်နေပါပြီ။
-