-
တောလည်ရာ ၁၄:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ဒါပေမဲ့ မောရှေက ယေဟောဝါကို ပြောတယ်– “ဒီလူမျိုးကို အီဂျစ်လူတွေဆီကနေ ကိုယ်တော့်တန်ခိုးနဲ့ ခေါ်ထုတ်ခဲ့တယ် မဟုတ်လား။ အခု ဒီသတင်းကို အီဂျစ်လူတွေ ကြားသွားရင်၊+ ၁၄ ခါနန်ပြည်သားတွေကို ပြန်ပြောပြတော့မှာပေါ့။ ကိုယ်တော်ဟာ ဒီလူမျိုးနဲ့အတူရှိတဲ့အရှင် ယေဟောဝါဖြစ်တယ်၊+ သူတို့ဆီ ရောက်လာပြီး အထင်အရှား* မြင်နိုင်အောင် ဖော်ပြခဲ့တယ်၊+ ကိုယ်တော်ဟာ ယေဟောဝါဘုရားဖြစ်ပြီး သူတို့စခန်းပေါ်မှာ မိုးတိမ်ကို တည်စေခဲ့တယ်၊ နေ့ဘက်မှာ မိုးတိမ်တိုင်၊ ညဘက်မှာ မီးတိုင်နဲ့ သူတို့ရှေ့ကနေ သွားခဲ့တယ်ဆိုတာတွေကို ဒီပြည်သားတွေ သိထားပါတယ်။+
-