-
ယောဟန် ၆:၃၁၊ ၃၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ ကျွန်တော်တို့ဘိုးဘေးတွေက ‘သူတို့အတွက် ကောင်းကင်ကမုန့်ကို ချပေးတယ်’+ ဆိုတဲ့ ကျမ်းစကားအတိုင်း တောထဲမှာ ဘုရားသခင်ကျွေးတဲ့ မန္နမုန့်ကို စားခဲ့ရပါတယ်”+ လို့ပြောကြတယ်။ ၃၂ ယေရှုက “ကျွန်တော် မှန်တာကို ပြောမယ်၊ အမှန်အတိုင်း ပြောမယ်။ မောရှေက ခင်ဗျားတို့အတွက် ကောင်းကင်က စစ်မှန်တဲ့မုန့်ကို မပေးခဲ့ဘူး။ အဖဘုရားကတော့ ကောင်းကင်က စစ်မှန်တဲ့မုန့်ကို ပေးတယ်။
-
-
ယောဟန် ၆:၅၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၈ ကောင်းကင်ကလာတဲ့ မုန့်ဟာ အဲဒီလိုဖြစ်ရမှာ။ ခင်ဗျားတို့ရဲ့ ဘိုးဘေးတွေ စားခဲ့တဲ့မုန့်မျိုး မဟုတ်ဘူး။ အဲဒီမုန့်ကို စားပေမဲ့ သူတို့သေခဲ့ရတယ်။ ဒီမုန့်ကို စားတဲ့သူကတော့ ထာဝစဉ်အသက်ရှင်လိမ့်မယ်”+ လို့ပြောတယ်။
-
-
၁ ကောရိန္သု ၁၀:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ သူတို့အားလုံး ဘုရားသခင်ပေးတဲ့ အစာတစ်မျိုးတည်းကို စားခဲ့တယ်။+
-