ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တောလည်ရာ ၂၀:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ “တောင်ဝှေးကို သွားယူခဲ့။ မင်းနဲ့မင်းအစ်ကိုအာရုန်က လူတွေကို ခေါ်လိုက်။ ပြီးတော့ ကျောက်ဆောင်ထဲက ရေထွက်လာအောင် သူတို့ရှေ့မှာ ကျောက်ဆောင်ကို အမိန့်ပေးလိုက်ပါ။ လူတွေ၊ တိရစ္ဆာန်တွေ သောက်ဖို့ ကျောက်ဆောင်ထဲကနေ ရေထွက်လာအောင် မင်း လုပ်ပေးရမယ်”+ လို့ပြောတယ်။

  • တရားဟောရာ ၈:၁၄၊ ၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ မာနစိတ် မဝင်လာပါစေနဲ့။+ ကျွန်ခံရာ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့ဘုရား ယေဟောဝါကို မမေ့ပါနဲ့။+ ၁၅ ဘုရားက ခင်ဗျားတို့ကို အဆိပ်ပြင်းတဲ့မြွေတွေ၊ ကင်းမြီးကောက်တွေ ပေါများပြီး ရေမရှိ၊ ခြောက်သွေ့တဲ့ ကြောက်စရာကန္တာရကြီးထဲ ဖြတ်လျှောက်စေခဲ့တယ်။+ တောကန္တာရမှာ မီးခတ်ကျောက်ဆောင်ထဲကနေ ရေထွက်အောင် လုပ်ပေးခဲ့တယ်။+

  • နေဟမိ ၉:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ သူတို့ဆာလောင်တဲ့အခါ ကောင်းကင်ကနေ မုန့်ချပေးတယ်။+ ရေငတ်တဲ့အခါ ကျောက်ဆောင်ထဲကနေ ရေထွက်စေတယ်။+ သူတို့ကိုပေးမယ်လို့ ကျိန်ဆိုခဲ့တဲ့ပြည်ကို ဝင်ရောက်သိမ်းပိုက်ပါဆိုပြီး ကိုယ်တော်ပြောခဲ့တယ်။

  • ဆာလံ ၇၈:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ တောကန္တာရမှာ ကျောက်ဆောင်တွေကို ထက်ခြမ်းခွဲပြီး

      နက်ရှိုင်းတဲ့ ရေထုကို သောက်ရသလို အဝသောက်စေခဲ့တယ်။+

  • ဆာလံ ၁၀၅:၄၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၁ ကျောက်ဆောင်ကို ခွဲလိုက်တဲ့အခါ ရေတွေစီးထွက်လာပြီး+

      ကန္တာရမှာ မြစ်လိုစီးဆင်းသွားတယ်။+

  • ၁ ကောရိန္သု ၁၀:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ ညီအစ်ကိုတို့၊ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ မိုးတိမ်အောက်မှာ+  လျှောက်ခဲ့မှန်း၊  ပင်လယ်ကို ဖြတ်ကူးခဲ့မှန်း+ ခင်ဗျားတို့ကို အမှတ်ရစေချင်တယ်။

  • ၁ ကောရိန္သု ၁၀:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ ဘုရားသခင်ပေးတဲ့ ရေတစ်မျိုးတည်းကို သောက်ခဲ့တယ်။+ သူတို့အနီးမှာရှိတဲ့ ကျောက်ဆောင်ကနေ ထွက်တဲ့ရေကို သောက်ကြတယ်။ အဲဒီ ဘုရားပေးတဲ့ကျောက်ဆောင်ဟာ  ခရစ်တော်ကို  ဆိုလိုတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ