- 
	                        
            
            ဟီဘရူး ၁၂:၁၈-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၈ ထိတွေ့လို့ရတဲ့တောင်၊+ မီးလောင်နေတဲ့တောင်ဆီ+ ခင်ဗျားတို့ သွားနေတာ မဟုတ်ဘူး။ အဲဒီတောင်မှာ မည်းမှောင်တဲ့တိမ်ထု၊ အမှောင်ထု၊ လေပြင်းမုန်တိုင်းတွေ ဖြစ်ပေါ်ခဲ့တယ်။+ ၁၉ တံပိုးမှုတ်သံ၊+ စကားသံတွေ+ ထွက်ပေါ်ခဲ့တယ်။ ကြားတဲ့သူတွေက သူတို့ကို ဆက်မပြောပါနဲ့တော့လို့ အသနားခံခဲ့တယ်။+ ၂၀ “တိရစ္ဆာန်ဖြစ်နေရင်တောင်မှ တောင်ခြေနား ကပ်လာရင် ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်”+ ဆိုတဲ့အမိန့်ကို သူတို့ သိပ်ကြောက်ခဲ့တယ်။ ၂၁ မြင်လိုက်ရတဲ့မြင်ကွင်းက ကြောက်စရာကောင်းလွန်းတော့ မောရှေက “ကျွန်တော့်မှာ ကြောက်ပြီး တုန်နေတာပဲ”+ လို့ပြောခဲ့တယ်။ 
 
-