၁၁ “ဒါနဲ့ တောင်ခြေနားမှာ ခင်ဗျားတို့ လာရပ်ကြတယ်။ အဲဒီအချိန် တောင်ပေါ်မှာ မီးလောင်နေပြီး မီးတောက်မီးလျှံတွေ မိုးပေါ် တက်နေတယ်။ မည်းမှောင်နေတဲ့ တိမ်ထုကြီး ဖုံးလွှမ်းနေတယ်။+ ၁၂ ယေဟောဝါဘုရားက မီးထဲကနေ စကားပြောတဲ့အခါ+ စကားသံကို+ ခင်ဗျားတို့ ကြားရပေမဲ့ ပုံသဏ္ဌာန်ကိုတော့ မမြင်ခဲ့ရဘူး။+