-
ဝတ်ပြုရာ ၆:၂-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “လူတစ်ယောက်က တခြားသူ လာအပ်ထားတာ တစ်ခုခုကို ပြန်မပေးဘဲ လှည့်စားရင်၊+ ခိုးယူထားရင်၊ ကလိမ်ကျရင် ယေဟောဝါအပေါ် သစ္စာမဲ့တာပဲ။+ ၃ ပျောက်သွားတဲ့ပစ္စည်းကို ကောက်ရထားပါလျက်နဲ့ မတွေ့ဘူးလို့ လိမ်ပြောရင်၊ အဲဒီအပြစ်တစ်ခုခုကို လုပ်ထားပါလျက်နဲ့ မလုပ်ဘူးလို့ ကျိန်ဆိုရင်+ ဘုရားသခင်ကို သစ္စာမဲ့တာပဲ။ သူ့မှာ အပြစ်ရှိတယ်။ ၄ အဲဒီအပြစ်တစ်ခုခုကို ကျူးလွန်မိရင်– ခိုးရာပါပစ္စည်း၊ မတရားယူထားတဲ့ပစ္စည်း၊ လိမ်ညာယူထားတဲ့ပစ္စည်း၊ အပ်ထားတဲ့ပစ္စည်း၊ ကောက်ရတဲ့ပစ္စည်း၊ ၅ လိမ်ညာကျိန်ဆိုပြီး ယူထားတဲ့ပစ္စည်းကို ဒါမှမဟုတ် တန်ရာတန်ကြေးကို ပြန်ပေးရမယ်။+ ပစ္စည်းတန်ဖိုးရဲ့ ငါးပုံတစ်ပုံကိုလည်း ပေးရမယ်။ ပြစ်မှုထင်ရှားတဲ့နေ့မှာ အဲဒါကို ပိုင်ရှင်ဆီ ပြန်ပေးရမယ်။
-