-
ထွက်မြောက်ရာ ၃၆:၂၇-၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ အနောက်ဘက် တဲတော်နောက်ကျောနံရံအတွက် ကျည်းဘောင်ခြောက်ခုကိုလည်းလုပ်တယ်။+ ၂၈ တဲတော်နောက်ကျောနံရံရဲ့ ထောင့်နှစ်ထောင့်အတွက် ကျည်းဘောင်နှစ်ခုကို လုပ်တယ်။ ၂၉ အဲဒီကျည်းဘောင်တစ်ခုစီမှာ သစ်သားနှစ်ချပ်က အောက်ခြေကနေ တက်သွားပြီး ထိပ်နားမှာ သွားဆုံတယ်။ ဒေါက်တိုင်နှစ်ခုကို အဲဒီပုံစံအတိုင်း သူလုပ်တယ်။ ၃၀ နောက်ကျောနံရံအတွက် ကျည်းဘောင် ၈ ခု၊ ငွေအောက်ခံခုံ ၁၆ ခုရှိတယ်။ ကျည်းဘောင်တိုင်းမှာ အောက်ခံခုံနှစ်ခုစီ ရှိတယ်။
-