-
ထွက်မြောက်ရာ ၃၈:၁-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၈ ဗေဇလေလက အလျားငါးတောင်၊ အနံငါးတောင်ရှိတဲ့ စတုရန်းပုံ မီးရှို့ပူဇော်ရာပလ္လင်ကို ရှားသားနဲ့လုပ်တယ်။ အမြင့် သုံးတောင်ရှိတယ်။+ ၂ ပူဇော်ရာပလ္လင်ရဲ့ ထောင့်လေးထောင့်မှာ ဦးချိုအတက်တွေကို လုပ်တယ်။ အတက်တွေက ပူဇော်ရာပလ္လင်နဲ့ တစ်ဆက်တည်း ဖြစ်နေတယ်။ ပူဇော်ရာပလ္လင်ကို ကြေးနီနဲ့ အုပ်လိုက်တယ်။+ ၃ ပူဇော်ရာပလ္လင် အသုံးအဆောင်တွေဖြစ်တဲ့ ပြာခွက်၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးခဲအိုးတွေကို ကြေးနီနဲ့လုပ်တယ်။ ၄ ကြေးနီဆန်ခါကိုလည်း လုပ်ပြီး ပူဇော်ရာပလ္လင် အတွင်းဘက်၊ အနားကွပ်အောက် ထက်ဝက်လောက် ရောက်အောင် ထည့်လိုက်တယ်။ ၅ ထမ်းပိုးလျှိုစရာ ကွင်းလေးကွင်းကို သွန်းလုပ်ပြီး ကြေးနီဆန်ခါအနား၊ ထောင့်လေးထောင့်မှာ တပ်လိုက်တယ်။ ၆ ထမ်းပိုးတွေကို ရှားသားနဲ့လုပ်၊ ကြေးနီနဲ့ အုပ်ပြီး၊ ၇ ပူဇော်ရာပလ္လင်ရဲ့ ဘေးနှစ်ဖက်မှာရှိတဲ့ ကွင်းတွေထဲ လျှိုထားလိုက်တယ်။ ပူဇော်ရာပလ္လင်ကို သစ်သားပြားတွေနဲ့ လုပ်ရမယ်၊ ဟောင်းလောင်းဖြစ်နေတဲ့ သေတ္တာပုံစံမျိုး လုပ်ရမယ်။
-