-
ထွက်မြောက်ရာ ၃၈:၁၈၊ ၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ တဲတော်ဝင်းရဲ့ ဝင်ပေါက်လိုက်ကာကို အပြာရောင်ချည်၊ ခရမ်းရောင်သိုးမွေး၊ ကြက်သွေးရောင်ချည်၊ ချည်ချောတွေနဲ့ ရက်လုပ်တယ်။ လိုက်ကာက အတောင် ၂၀ ရှည်တယ်။ အမြင့်က ၅ တောင်ရှိပြီး တဲတော်ဝင်းရဲ့အကာတွေနဲ့ တစ်ညီတည်းပဲ။+ ၁၉ ဝင်ပေါက်အတွက် တိုင်လေးတိုင်နဲ့ အောက်ခံခုံလေးခုကို ကြေးနီနဲ့လုပ်တယ်။ တိုင်ရဲ့ချိတ်တွေကို ငွေနဲ့လုပ်ပြီး တိုင်ထိပ်တွေနဲ့ တွယ်ချိတ်စရာတွေကို ငွေနဲ့အုပ်တယ်။
-