-
ထွက်မြောက်ရာ ၃၉:၁၅-၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ရင်ဖုံးပတ်လည်မှာတပ်ဖို့ ရွှေစင်ကြိုးလုံးလေးတွေကို ကျစ်တယ်။+ ၁၆ ရွှေပြားအကွပ်နှစ်ခုကို လုပ်တယ်။ ရွှေကွင်းနှစ်ကွင်းကိုလုပ်ပြီး ရင်ဖုံးထောင့်နှစ်ဖက်မှာ တပ်လိုက်တယ်။ ၁၇ ရွှေကြိုးနှစ်ပင်ကို ရင်ဖုံးထောင့်က ရွှေကွင်းနှစ်ကွင်းမှာ ချိတ်လိုက်တယ်။ ၁၈ ရွှေကြိုးနှစ်ပင်ရဲ့ ကျန်တဲ့အစွန်းနှစ်ခုကို ရွှေပြားအကွပ်နှစ်ခုနဲ့ချိတ်ပြီး သင်တိုင်းရှေ့ခြမ်း ပခုံးကြိုးပြားတွေပေါ် တပ်တယ်။
-