-
ဝတ်ပြုရာ ၁:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ သူက မီးရှို့ရာအလှူဖြစ်တဲ့ နွားထီးရဲ့ခေါင်းပေါ် လက်တင်ရမယ်။ သူ့အပြစ်တွေကို ခွင့်လွှတ်တဲ့အနေနဲ့ အဲဒီနွားထီးကို လက်ခံမယ်။
-
-
ဝတ်ပြုရာ ၈:၁၈-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ အဲဒီနောက် မီးရှို့ရာအလှူဖြစ်တဲ့ သိုးထီးကိုယူလာပြီး အာရုန်နဲ့သားတွေက သိုးထီးရဲ့ခေါင်းပေါ် လက်တင်ကြတယ်။+ ၁၉ မောရှေက သိုးထီးကိုသတ်ပြီး ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ သွေးကိုဖျန်းတယ်။ ၂၀ သိုးထီးကို အပိုင်းပိုင်းဖြတ်ပြီး ခေါင်း၊ အသားတစ်တွေ၊ အဆီဖတ်တွေကို မီးရှို့တယ်။ ၂၁ အူနဲ့ခြေထောက်ကို ရေဆေးတယ်။ အဲဒီနောက် သိုးထီးတစ်ကောင်လုံးကို ပူဇော်ရာပလ္လင်ပေါ်မှာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါအတွက် မီးရှို့ပူဇော်တယ်။ ဒါဟာ မီးရှို့ရာအလှူပဲ။ မောရှေက ယေဟောဝါမိန့်မှာတဲ့အတိုင်း လုပ်ဆောင်တယ်။
-