-
ဝတ်ပြုရာ ၈:၂၅-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ အဲဒီနောက် မောရှေက အဆီ၊ အဆီများတဲ့အမြီး၊ ဝမ်းတွင်းအဆီလွှာ၊ အသည်းပေါ်ကအဆီလွှာ၊ ကျောက်ကပ် နှစ်ခုနဲ့ ကျောက်ကပ်ပေါ်ကအဆီ၊ ညာဘက်ပေါင်ကို ယူတယ်။+ ၂၆ ယေဟောဝါရှေ့မှာရှိတဲ့ မုန့်တောင်းထဲက တဆေးမဲ့ မုန့်လက်ကောက်တစ်ခု၊+ ဆီနယ်ပြီးလုပ်ထားတဲ့ မုန့်လက်ကောက်တစ်ခု၊+ မုန့်ပြားတစ်ချပ်ကိုလည်း ယူတယ်။ အဲဒီမုန့်တွေကို အဆီဖတ်တွေနဲ့ ညာဘက်ပေါင်ပေါ် တင်တယ်။ ၂၇ အဲဒါတွေအားလုံးကို အာရုန်ရဲ့လက်၊ သူ့သားတွေရဲ့ လက်ပေါ် တင်ပေးပြီး ယေဟောဝါရှေ့မှာ ချီလွှဲရာအလှူအဖြစ် ချီလွှဲတယ်။ ၂၈ အဲဒါတွေကို သူတို့လက်ထဲက ပြန်ယူ၊ ပူဇော်ရာပလ္လင်ပေါ်က မီးရှို့ရာအလှူပေါ်တင်ပြီး မွှေးကြိုင်တဲ့ရနံ့အဖြစ် မီးရှို့ပူဇော်တယ်။ ဒါတွေဟာ ခန့်အပ်ခြင်းဆိုင်ရာ ပူဇော်သက္ကာဖြစ်တယ်။ ယေဟောဝါအတွက် မီးရှို့ဆက်သတဲ့ အလှူပဲ။
-