ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၃၂:၃၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၅ လက်စားချေတာ၊ ဒဏ်ခတ်တာဟာ ငါ့ကိစ္စပါ။+

      အချိန်တန်ရင် သူတို့ ခြေချော်သွားမယ်။+

      သူတို့ပျက်စီးမယ့်အချိန် နီးလာပြီ။

      သူတို့ကြုံရမယ့်အရာတွေ အမြန်ရောက်လာမယ်။’

  • ယောရှု ၂၄:၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၉ အဲဒီအခါ ယောရှုက “ယေဟောဝါဘုရားကို ခင်ဗျားတို့ တကယ်ပဲ ဆက်ဝတ်ပြုနိုင်ပါ့မလား။ ကိုယ်တော်ဟာ သန့်ရှင်းမြင့်မြတ်တဲ့ဘုရား၊+ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရားပဲ။+ ခင်ဗျားတို့ရဲ့ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်မှာ မဟုတ်ဘူး။+

  • ရောမ ၂:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ ခင်ဗျားသာ ခေါင်းမာပြီး နောင်တရချင်စိတ် မရှိရင် အမျက်တော်နေ့မှာ၊ လူတွေကို ဘုရားသခင် ဖြောင့်မတ်စွာ တရားစီရင်တဲ့နေ့မှာ အမျက်တော် သင့်လိမ့်မယ်။+

  • ၂ ပေတရု ၂:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ ဘုရားသခင်က အပြစ်ကျူးလွန်တဲ့ ကောင်းကင်တမန်တွေကို အပြစ်မပေးဘဲ မနေခဲ့ဘူး။+ သူတို့ကို တားတရပ်ဆီ*+ ပစ်ချလိုက်တယ်။ တရားစီရင်ဖို့  မှောင်မိုက်တွင်းထဲမှာ  ချုပ်နှောင်ထားတယ်။+

  • ယုဒ ၁၄၊ ၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ အာဒံကနေ ခုနစ်ဆက်မြောက်ဖြစ်တဲ့  ဧနောက်ကလည်း+  သူတို့အကြောင်း ပရောဖက်ပြုခဲ့တယ်– “ယေဟောဝါ* ဘုရားက သန့်ရှင်းတဲ့ ကောင်းကင်တမန် အမြောက်အမြားနဲ့အတူ ကြွလာပြီး၊+ ၁၅ လူအားလုံးကို တရားစီရင်လိမ့်မယ်။+ ဘုရားတရားမဲ့ လမ်းစဉ်အတိုင်း တရားမဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ ဘုရားတရားမဲ့သူအားလုံး၊ တရားမဲ့တဲ့ အပြစ်သားတွေ ဘုရားကို ဆန့်ကျင်ပြောဆိုတဲ့ ထိတ်လန့်ဖွယ်စကား အားလုံးအတွက် သူတို့မှာ အပြစ်ရှိကြောင်း ဖော်ပြလိမ့်မယ်။”+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ