- 
	                        
            
            ထွက်မြောက်ရာ ၂၉:၁၆-၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၆ သိုးထီးကိုသတ်၊ သွေးကိုယူပြီး ပူဇော်ရာပလ္လင်ဘေးပတ်လည်မှာ ဖျန်းရမယ်။+ ၁၇ သိုးထီးကို အပိုင်းပိုင်းဖြတ်၊ အူနဲ့ခြေထောက်တွေကို ဆေးကြောပြီး+ ခေါင်းနဲ့အတူ စီထားရမယ်။ ၁၈ သိုးထီးတစ်ကောင်လုံးကို ပူဇော်ရာပလ္လင်ပေါ် တင်ပြီး မီးရှို့ပူဇော်ရမယ်။ ဒါဟာ ယေဟောဝါဆီ ဆက်သတဲ့ မွှေးကြိုင်တဲ့* မီးရှို့ရာအလှူ၊+ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။ 
 
- 
                                        
- 
	                        
            
            ဝတ်ပြုရာ ၈:၁၈-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၈ အဲဒီနောက် မီးရှို့ရာအလှူဖြစ်တဲ့ သိုးထီးကိုယူလာပြီး အာရုန်နဲ့သားတွေက သိုးထီးရဲ့ခေါင်းပေါ် လက်တင်ကြတယ်။+ ၁၉ မောရှေက သိုးထီးကိုသတ်ပြီး ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ သွေးကိုဖျန်းတယ်။ ၂၀ သိုးထီးကို အပိုင်းပိုင်းဖြတ်ပြီး ခေါင်း၊ အသားတစ်တွေ၊ အဆီဖတ်တွေကို မီးရှို့တယ်။ ၂၁ အူနဲ့ခြေထောက်ကို ရေဆေးတယ်။ အဲဒီနောက် သိုးထီးတစ်ကောင်လုံးကို ပူဇော်ရာပလ္လင်ပေါ်မှာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါအတွက် မီးရှို့ပူဇော်တယ်။ ဒါဟာ မီးရှို့ရာအလှူပဲ။ မောရှေက ယေဟောဝါမိန့်မှာတဲ့အတိုင်း လုပ်ဆောင်တယ်။ 
 
- 
                                        
- 
	                        
            
            ဝတ်ပြုရာ ၉:၁၂-၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၂ အဲဒီနောက် အာရုန်က မီးရှို့ရာအလှူကို သတ်တယ်။ သူ့သားတွေ ယူလာပေးတဲ့ သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းတယ်။+ ၁၃ သူတို့ယူလာပေးတဲ့ မီးရှို့ရာအလှူရဲ့ ခေါင်းနဲ့အသားတစ်တွေကို ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်တယ်။ ၁၄ အူနဲ့ခြေထောက်တွေကို ရေဆေးပြီး ပူဇော်ရာပလ္လင်ပေါ်က မီးရှို့ရာအလှူပေါ် တင်ပြီး မီးရှို့ပူဇော်တယ်။ 
 
-