- 
	                        
            
            ဝတ်ပြုရာ ၂:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂ အာရုန်ရဲ့သား ပုရောဟိတ်တွေဆီ ယူလာရမယ်။ ပုရောဟိတ်က ဆီလောင်းထားတဲ့ ဂျုံနု လက်တစ်ဆုပ်စာနဲ့ လောဗန်ရှိသမျှကို ယူပြီး ကိုယ်စားပြုအလှူအဖြစ်+ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ရနံ့အဖြစ် ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူပဲ။ 
 
- 
                                        
- 
	                        
            
            ဝတ်ပြုရာ ၅:၁၁၊ ၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၁ “‘ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို မတတ်နိုင်ရင် သူ့အပြစ်အတွက် အပြစ်ဖြေရာအလှူအဖြစ် ဂျုံနုတစ်ဧဖာရဲ့*+ ဆယ်ပုံတစ်ပုံကို ယူလာရမယ်။ အပြစ်ဖြေရာအလှူဖြစ်လို့ အဲဒီပေါ်မှာ ဆီမလောင်းရဘူး၊ လောဗန်မတင်ရဘူး။ ၁၂ အဲဒါကို ပုရောဟိတ်ဆီ ယူလာရမယ်။ ပုရောဟိတ်က ဂျုံမှုန့်လက်တစ်ဆုပ်စာကို ယူ၊ ပူဇော်ရာပလ္လင်ပေါ်မှာ ယေဟောဝါအတွက် ပူဇော်ထားတဲ့ မီးရှို့ရာအလှူပေါ် တင်ပြီး ကိုယ်စားပြုအလှူအဖြစ် မီးရှို့ရမယ်။ ဒါဟာ အပြစ်ဖြေရာအလှူပဲ။ 
 
-