- 
	                        
            
            ထွက်မြောက်ရာ ၂၉:၁၀-၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၀ “အဲဒီနောက် နွားထီးကို တွေ့ဆုံရာတဲတော်ရှေ့ ယူလာပါ။ အာရုန်နဲ့ သူ့သားတွေက နွားထီးရဲ့ခေါင်းပေါ် လက်တင်ရမယ်။+ ၁၁ ယေဟောဝါရှေ့ တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ နွားထီးကို သတ်ရမယ်။+ ၁၂ သွေးနည်းနည်းယူပြီး ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေပေါ်မှာ လက်ညှိုးနဲ့ သုတ်ရမယ်။+ ကျန်တဲ့သွေးတွေကို ပူဇော်ရာပလ္လင်ခြေရင်းမှာ သွန်ချရမယ်။+ ၁၃ ဝမ်းတွင်းအဆီလွှာ၊ အသည်းပေါ်ကအဆီလွှာ၊ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်ကအဆီတွေကို+ ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရမယ်။*+ ၁၄ နွားထီးရဲ့အသား၊ အရေခွံနဲ့ မစင်တွေကိုတော့ စခန်းအပြင်ဘက်မှာ မီးရှို့ရမယ်။ ဒါဟာ အပြစ်ဖြေရာအလှူပဲ။ 
 
- 
                                        
- 
	                        
            
            ဝတ်ပြုရာ ၄:၃၊ ၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၃ “‘ဘိသိက်ခံ ပုရောဟိတ်ကိုယ်တိုင်+ အပြစ်လုပ်မိပြီး+ လူတွေအပေါ် အပြစ်ရောက်စေတယ်ဆိုရင် သူကျူးလွန်တဲ့ အပြစ်အတွက် အပြစ်ဖြေရာအလှူအဖြစ် အနာအဆာမရှိတဲ့ နွားထီးပျိုတစ်ကောင်ကို ယေဟောဝါဆီ ဆက်သရမယ်။+ ၄ သူက နွားထီးကို ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော်ဝင်ပေါက်ဆီ ယူလာရမယ်။+ နွားထီးရဲ့ခေါင်းပေါ် လက်တင်ပြီး ယေဟောဝါရှေ့မှာ သတ်ရမယ်။+ 
 
- 
                                        
- 
	                        
            
            ဝတ်ပြုရာ ၁၆:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၆ “အပြစ်ဖြေရာအလှူဖြစ်တဲ့ နွားထီးကို ကိုယ့်အတွက် ဆက်သပြီး ကိုယ်တိုင်နဲ့+ အိမ်သားတွေရဲ့ အပြစ်ကို ဖြေရမယ်။ 
 
-