၃ “‘နွားထီး ဒါမှမဟုတ် နွားမကို မိတ်သဟာယ ပူဇော်သက္ကာ+ အဖြစ် ပေးလှူမယ်ဆိုရင် အနာအဆာမရှိတဲ့ အကောင်ကို ယေဟောဝါရှေ့ ယူလာရမယ်။ ၂ လှူတဲ့သူက နွားရဲ့ခေါင်းပေါ် လက်တင်ရမယ်။ နွားကို တွေ့ဆုံရာတဲတော် ဝင်ပေါက်မှာ သတ်ရမယ်။ အာရုန်ရဲ့သား ပုရောဟိတ်တွေက သွေးကို ပူဇော်ရာပလ္လင် ဘေးပတ်လည်မှာ ဖျန်းရမယ်။