- 
	                        
            
            ထွက်မြောက်ရာ ၂၉:၂၆-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၆ “အာရုန်ကို ပုရောဟိတ်ခန့်အပ်ချိန်မှာ ပူဇော်တဲ့ သိုးထီးရဲ့ ရင်ဒူးသားကို ယူပြီး+ ယေဟောဝါရှေ့မှာ ချီလွှဲရာအလှူအဖြစ် ချီလွှဲရမယ်။ အဲဒါဟာ မင်းရဲ့ဝေစုပဲ။ ၂၇ ချီလွှဲရာအလှူဖြစ်တဲ့ ရင်ဒူးသား၊ မြင့်မြတ်ရာဝေစုဖြစ်တဲ့ ပေါင်သားကို ဆက်ကပ်ရမယ်။ အဲဒါတွေက အာရုန်နဲ့ သားတွေကို ပုရောဟိတ်ခန့်အပ်ချိန်မှာ ချီလွှဲတဲ့ သိုးထီးရဲ့အသားတုံးတွေပဲ။+ ၂၈ အဲဒီအသားတုံးတွေဟာ မြင့်မြတ်ရာဝေစုဖြစ်လို့ အာရုန်နဲ့ သားတွေအတွက် ပေးရမယ်။ ဒါဟာ အစ္စရေးတွေ အမြဲလိုက်နာရမယ့် စည်းမျဉ်းပဲ။+ ဒါတွေဟာ ယေဟောဝါအတွက် အစ္စရေးတွေပေးလှူတဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေထဲက မြင့်မြတ်တဲ့ဝေစုပဲ။+ 
 
- 
                                        
- 
	                        
            
            ဝတ်ပြုရာ ၇:၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၃၄ ချီလွှဲရာအလှူဖြစ်တဲ့ ရင်ဒူးသားနဲ့ မြင့်မြတ်ရာဝေစုဖြစ်တဲ့ ပေါင်သားကို အစ္စရေးတွေရဲ့ မိတ်သဟာယ ပူဇော်သက္ကာတွေထဲကနေ ယူပြီး ပုရောဟိတ်အာရုန်နဲ့ သူ့သားတွေကို ငါပေးတယ်။ ဒါဟာ အစ္စရေးတွေ လိုက်နာရမယ့် အမြဲတည်တဲ့စည်းမျဉ်းပဲ။+ 
 
- 
                                        
- 
	                        
            
            ဝတ်ပြုရာ ၉:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၁ မောရှေမှာထားတဲ့အတိုင်း အာရုန်က ရင်ဒူးသားတွေနဲ့ ညာဘက်ပေါင်ကို ယေဟောဝါရှေ့မှာ ချီလွှဲရာအလှူအဖြစ် ချီလွှဲတယ်။+ 
 
-