ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၁၇:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ အစ္စရေးလူမျိုးဖြစ်စေ၊  တိုင်းတစ်ပါးသားဖြစ်စေ တစ်ယောက်ယောက်က တိရစ္ဆာန်အသေကောင် ဒါမှမဟုတ် သားရဲကိုက်သတ်ထားတဲ့  အကောင်ကိုစားရင်+ ကိုယ့်အဝတ်တွေကိုလျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ပြီးရင် သန့်ရှင်းသွားပြီ။

  • ဝတ်ပြုရာ ၂၂:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ သူတို့ကို  ပြောလိုက်ပါ– ‘မင်းတို့ရဲ့ သားမြေးတွေထဲက မသန့်မရှင်းဖြစ်နေသူ တစ်ယောက်ဟာ ယေဟောဝါအတွက် အစ္စရေးတွေ ဆက်ကပ်ထားတဲ့ သန့်ရှင်းမြင့်မြတ်ရာတွေအနား လာမိရင် သူ့ကို  ငါ့ရှေ့ကနေ ပယ်ရှင်းရမယ်။+ ငါဟာ  ယေဟောဝါပဲ။

  • ဝတ်ပြုရာ ၂၂:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ တိရစ္ဆာန်အသေကောင်၊  သားရဲကိုက်သတ်ထားတဲ့ အကောင်ကိုလည်း မစားရဘူး။  စားရင် မသန့်မရှင်းဖြစ်သွားလိမ့်မယ်။+  ငါဟာ  ယေဟောဝါပဲ။

  • တရားဟောရာ ၁၄:၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ “ခင်ဗျားတို့ဟာ ယေဟောဝါဘုရားအတွက် သန့်ရှင်းတဲ့ လူမျိုးဖြစ်လို့ တိရစ္ဆာန်အသေကောင်ကို မစားရဘူး။+ ကိုယ့်မြို့မှာနေထိုင်တဲ့ တိုင်းတစ်ပါးသားတွေ စားဖို့ ပေးလို့ရတယ်၊ ရောင်းလို့ရတယ်။

      “ဆိတ်ကလေးကို မိခင်နို့ရည်နဲ့ မချက်ပြုတ်ရဘူး။+

  • ယေဇကျေလ ၄:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ဒါနဲ့ ကျွန်တော်က “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော်ဟာ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ အသေကောင်ဖြစ်စေ၊ သားရဲကိုက်သတ်ထားတဲ့ အကောင်ဖြစ်စေ မစားဖူးပါဘူး။+ မသန့်ရှင်းတဲ့ အသားကိုလည်း မစားဖူးပါဘူး။+ အဲလိုစားပြီး ညစ်ညူးသွားတာမျိုး မဖြစ်ဖူးပါဘူး” လို့ပြောလိုက်တယ်။

  • ယေဇကျေလ ၄၄:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ ငှက်ဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ အလိုလိုသေတဲ့အကောင် ဒါမှမဟုတ် သားရဲကိုက်သတ်ထားတဲ့ အကောင်ကို ပုရောဟိတ်တွေ မစားရဘူး။’+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ