- 
	                        
            
            တောလည်ရာ ၁၂:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၄ ယေဟောဝါက “မိရိအံရဲ့ မျက်နှာကို သူ့အဖေ တံတွေးထွေးရင် ခုနစ်ရက်လုံး သူ အရှက်ကွဲမယ် မဟုတ်လား။ အခု၊ သူ့ကို ခုနစ်ရက်လုံး စခန်းအပြင်မှာ သီးသန့်ထားလိုက်။+ ပြီးမှ စခန်းထဲ ပြန်ဝင်ခိုင်းပါ” လို့မောရှေကို ပြောတယ်။ 
 
- 
                                        
- 
	                        
            
            ၂ ဘုရင်များ ၇:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၃ မြို့တံခါးမှာ အနာကြီးရောဂါသည် လေးယောက်က+ “ငါတို့ မသေမချင်း ဒီအတိုင်း ထိုင်နေရမှာလား။ 
 
- 
                                        
- 
	                        
            
            ၂ ရာဇဝင်ချုပ် ၂၆:၂၀၊ ၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၀ ပုရောဟိတ်မင်း အာဇရိနဲ့ ကျန်တဲ့ပုရောဟိတ်တွေ ကြည့်လိုက်တဲ့အခါ သြဇိရဲ့နဖူးပေါ်မှာ အနာကြီးရောဂါ စွဲနေတာကို မြင်တော့ အဲဒီနေရာကနေ ချက်ချင်း မောင်းထုတ်ကြတယ်။ ယေဟောဝါ ဒဏ်ခတ်တဲ့အတွက် သြဇိလည်း ခပ်သုတ်သုတ် ထွက်သွားတယ်။ ၂၁ သြဇိဟာ သေတဲ့အထိ အနာကြီးရောဂါစွဲပြီး သီးခြားနန်းဆောင်မှာပဲ နေရတယ်။+ ယေဟောဝါရဲ့ အိမ်တော်ထဲ သူ ဝင်ခွင့်မရှိတော့ဘူး။ သားတော်ယောသံက နန်းတော်ကို တာဝန်ယူပြီး ပြည်သူပြည်သားတွေကို စီမံအုပ်ချုပ်တယ်။+ 
 
-