-
ဝတ်ပြုရာ ၁၁:၂၃-၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ အတောင်နဲ့ ခြေလေးချောင်းပဲပါတဲ့၊ အုံဖွဲ့နေတတ်တဲ့ တခြားအင်းဆက်ပိုးတွေကတော့ ရွံစရာပဲ။ ၂၄ အဲဒီအကောင်တွေကို စားရင် မင်းတို့ မသန့်မရှင်း ဖြစ်သွားနိုင်တယ်။ အဲဒီအသေကောင်တွေကို ထိမိသူတိုင်း ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+ ၂၅ အဲဒီအသေကောင်တွေကို သယ်ဆောင်သူတိုင်း ကိုယ့်အဝတ်တွေကို လျှော်ရမယ်။+ သူဟာ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။
-
-
ဝတ်ပြုရာ ၁၅:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ အရိအရွဲထွက်နေသူက သန့်ရှင်းသူတစ်ယောက်ကို တံတွေးထွေးမိရင် အဲဒီလူဟာ ကိုယ့်အဝတ်တွေကို လျှော်ပြီး ရေချိုးရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။
-
-
ဝတ်ပြုရာ ၂၂:၄-၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ အာရုန်ရဲ့သားမြေးတွေထဲက အနာကြီးရောဂါဖြစ်နေသူ၊+ အရိအရွဲထွက်နေသူဟာ+ သန့်ရှင်းတဲ့အခြေအနေ မရောက်မချင်း+ သန့်ရှင်းမြင့်မြတ်ရာတွေကို မစားရဘူး။ သေလွန်သူကြောင့် မသန့်မရှင်းဖြစ်နေသူကို ထိမိကိုင်မိသူ၊+ သုက်ရည်ထွက်သူ၊+ ၅ မသန့်ရှင်းတဲ့ အုံဖွဲ့နေတတ်တဲ့အကောင်ကို၊+ အကြောင်းတစ်ခုခုကြောင့် မသန့်မရှင်းဖြစ်နေသူကို ထိမိကိုင်မိသူလည်း+ မစားရဘူး။ ၆ အဲဒါတွေကို ထိမိကိုင်မိတဲ့လူဟာ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ သန့်ရှင်းမြင့်မြတ်ရာတွေကို မစားရဘူး။ ရေချိုးရမယ်။+
-