ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မာကု ၁၀:၄၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၅ လူသားလည်း သူတစ်ပါးကို စေခိုင်းဖို့ လာတာမဟုတ်ဘူး။ သူတစ်ပါးအစေကိုခံပြီး+ လူအများအတွက် ရွေးဖိုးအဖြစ် အသက်ပေးဖို့ ရောက်လာတာ”+ လို့ပြောတယ်။

  • ဟီဘရူး ၂:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ကောင်းကင်တမန်တွေထက် အနည်းငယ်နိမ့်ချခံရတဲ့ ယေရှုက+ အသေခံခဲ့တဲ့အတွက်+ ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ချီးမြှောက်ခံရပြီဆိုတာကိုတော့ ကျွန်တော်တို့ တွေ့ရတယ်။ ယေရှုဟာ ဘုရားသခင်ရဲ့ မဟာကရုဏာတော်အားဖြင့် လူအားလုံးအတွက် အသေခံခဲ့တယ်။+

  • ဟီဘရူး ၇:၂၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၇ တခြားပုရောဟိတ်မင်းတွေဆိုရင်  အရင်ဆုံး  မိမိအတွက်၊ အဲဒီနောက် လူတွေအတွက်+ အပြစ်ဖြေရာပူဇော်သက္ကာကို နေ့စဉ်ဆက်သရတယ်။+ သူကတော့ မိမိကိုယ်ကို တစ်ကြိမ်တည်းနဲ့အပြီး  ဆက်သလိုက်ပြီဖြစ်လို့+  အဲဒီလိုလုပ်စရာ  မလိုဘူး။

  • ဟီဘရူး ၉:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ တဲတော်ရဲ့  ဒုတိယအခန်းထဲကိုတော့ ပုရောဟိတ်မင်းတစ်ယောက်ပဲ တစ်နှစ်မှာ  တစ်ကြိမ်  ဝင်ရတယ်။+ မိမိအတွက်ရော+ မသိလို့ အပြစ်လုပ်မိသူတွေအတွက်ပါ+ အပြစ်ဖြေဖို့ သွေးကို  ယူသွားရတယ်။+

  • ဟီဘရူး ၉:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ခရစ်တော်က  အသန့်ရှင်းဆုံးအခန်းထဲ ဆိတ်သွေး၊ နွားကလေးသွေးနဲ့ မဟုတ်ဘဲ မိမိရဲ့သွေးနဲ့+ တစ်ကြိမ်တည်းအပြီး ဝင်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ထာဝရ လွတ်မြောက်ခွင့်ရသွားတယ်။+

  • ဗျာဒိတ် ၁:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ “သစ္စာရှိတဲ့သက်သေ၊”+ “သေရာကနေ ဦးဆုံးထမြောက်လာတဲ့ သားဦး၊”+ “ကမ္ဘာမြေပေါ်ကဘုရင်တွေကို အုပ်စိုးတဲ့အရှင်”+ ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကိုလည်း ခင်ဗျားတို့ ခံစားရပါစေ။

      ကျွန်တော်တို့ကို  ချစ်မြတ်နိုးသူ၊+ အပြစ်ရဲ့လက်အောက်ကနေ မိမိရဲ့သွေးနဲ့  လွတ်မြောက်စေသူ၊+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ