ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၂၃:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ လယ်လုပ်ပြီးရလာတဲ့ သီးနှံတွေကို စုသိမ်းတဲ့အခါ သီးဦးသီးဖျား ရိတ်သိမ်းပွဲတော်* ကျင်းပရမယ်။+ လယ်ထွက်သီးနှံတွေ စုသိမ်းတဲ့ နှစ်ကုန်ပိုင်းမှာလည်း စုသိမ်းပွဲတော်ကို* ကျင်းပရမယ်။+

  • တောလည်ရာ ၂၉:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ “‘ခုနစ်လပိုင်း၊ ၁၅ ရက်နေ့မှာ မြင့်မြတ်တဲ့စည်းဝေးပွဲ ကျင်းပရမယ်။ ပင်ပန်းတဲ့အလုပ် မလုပ်ကြနဲ့။ ခုနစ်ရက်လုံး ယေဟောဝါအတွက် ပွဲခံရမယ်။+

  • တရားဟောရာ ၁၆:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ “ကောက်နယ်တလင်း၊ စပျစ်သီးနယ်ရာကျင်းနဲ့ ဆီကြိတ်ဆုံကနေ စုသိမ်းတဲ့အခါ တဲနေပွဲကို ခုနစ်ရက်ကြာ ကျင်းပရမယ်။+

  • ဧဇရ ၃:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ အဲဒီနောက် ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း  တဲနေပွဲကို  ကျင်းပတယ်။+ မီးရှို့ရာပူဇော်သက္ကာတွေကို  တစ်ရက်စီအတွက် သတ်မှတ်ထားတဲ့  အရေအတွက်အတိုင်း နေ့စဉ် ဆက်သကြတယ်။+

  • နေဟမိ ၈:၁၄-၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ အဲဒီအခါ ခုနစ်လပိုင်းမှာ ကျင်းပတဲ့ ပွဲတော်အတွင်း အစ္စရေးတွေ တဲတွေနဲ့နေရမယ်ဆိုပြီး မောရှေကတစ်ဆင့် ယေဟောဝါပေးခဲ့တဲ့ ပညတ်ကျမ်းမှာ  ရေးထားတာကို တွေ့ကြတယ်။+ ၁၅ ဒါနဲ့ သူတို့က “တောင်ပေါ်ကိုသွားပြီး သံလွင်ပင်၊ ထင်းရှူးပင်၊ မုရတုပင်၊* စွန်ပလွံပင်တွေရဲ့ သစ်ကိုင်းသစ်ခက်တွေ ခုတ်လာခဲ့။ တခြားအပင်တွေရဲ့ သစ်ခက်တွေကိုပါ ယူလာကြ။ ပညတ်ကျမ်းမှာ ရေးထားတဲ့အတိုင်း တဲတွေထိုးရမယ်” ဆိုပြီး ဂျေရုဆလင်မြို့နဲ့ မြို့ရွာအားလုံးမှာ ကြေညာခိုင်းလိုက်တယ်။+

      ၁၆ လူတွေလည်း  ထွက်သွားပြီး သစ်ကိုင်းသစ်ခက်တွေ ယူလာတယ်။ အိမ်မိုးပေါ်မှာ၊  ခြံဝင်းထဲမှာ၊  ဘုရားသခင့်အိမ်တော်ဝင်းထဲမှာ၊+ ရေတံခါးရှေ့ လူထုရင်ပြင်မှာ၊+ ဧဖရိမ်တံခါးရှေ့ လူထုရင်ပြင်မှာ+ တဲတွေထိုးကြတယ်။ ၁၇ သုံ့ပန်းဘဝကနေ ပြန်လာတဲ့ လူစုကြီးတစ်ခုလုံး တဲတွေထိုးပြီး နေထိုင်တယ်။ နုန်ရဲ့သား ယောရှုလက်ထက်ကစပြီး+ အခုချိန်အထိ တဲနေပွဲကို ဒီလိုမျိုး မကျင်းပဖူးတဲ့အတွက် အစ္စရေးတွေ အကြီးအကျယ် ပျော်ရွှင်နေကြတယ်။+ ၁၈ ဘုရားသခင်ရဲ့ ပညတ်ကျမ်းကို ပထမနေ့ကနေ နောက်ဆုံးနေ့အထိ နေ့တိုင်း ဖတ်ပြပေးတယ်။+ ပွဲတော်ကို ခုနစ်ရက် လုပ်ပြီးတဲ့နောက် သတ်မှတ်ထားတဲ့အတိုင်း ရှစ်ရက်မြောက်နေ့မှာ အထူးစည်းဝေးပွဲ ကျင်းပကြတယ်။+

  • ယောဟန် ၇:၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ ဂျူးတွေရဲ့ တဲနေပွဲတော်+ နီးလာတဲ့အတွက်၊

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ