-
ဝတ်ပြုရာ ၂၆:၃-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ “ငါ့ဥပဒေတွေ၊ ပညတ်ချက်တွေကို အမြဲ လိုက်နာစောင့်ထိန်းမယ်ဆိုရင်၊+ ၄ အချိန်တန်တဲ့အခါ ငါမိုးရွာစေမှာဖြစ်လို့+ လယ်မှာ ကောက်နှံတွေ ဖြစ်ထွန်းလိမ့်မယ်။+ အပင်တွေလည်း အသီးသီးမယ်။ ၅ သီးနှံတွေ လှိုင်လှိုင်ထွက်တဲ့အတွက် စပါးနယ်လို့မပြီးခင် စပျစ်သီး ဆွတ်ခူးချိန် ရောက်လာမယ်။ စပျစ်သီးဆွတ်ခူးလို့ မပြီးခင် မျိုးကြဲချိန် ရောက်လာမယ်။ အစားအစာကို အဝစားပြီး တိုင်းပြည်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ရမယ်။+
-