- 
	                        
            
            တရားဟောရာ ၁:၃၄-၃၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၃၄ “ယေဟောဝါဘုရားက ခင်ဗျားတို့ ပြောနေတာတွေကို ကြားတော့ အမျက်ထွက်ပြီး ကျိန်ဆိုခဲ့တယ်။+ ၃၅ ‘မင်းတို့ရဲ့ ဘိုးဘေးတွေကို ပေးမယ်လို့ ငါကျိန်ဆိုခဲ့တဲ့ သာယာလှပတဲ့ပြည်ကို ဆိုးယုတ်တဲ့ ဒီလူမျိုးဆက်ထဲက တစ်ယောက်မှ မြင်ခွင့်ရမှာ မဟုတ်ဘူး။+ ၃၆ ယေဖုန်နာရဲ့သား ကာလက်ပဲ မြင်ခွင့်ရမယ်။ ကာလက်က ငါယေဟောဝါရဲ့စကားကို မြေဝယ်မကျ နားထောင်တဲ့အတွက် သူနင်းခဲ့တဲ့ အဲဒီပြည်ကို သူနဲ့ သူ့သားမြေးတွေကို ငါပေးမယ်။+ ၃၇ (ယေဟောဝါဘုရားက ခင်ဗျားတို့ကြောင့် ကျွန်တော့်ကို အမျက်ထွက်ပြီး “မင်းလည်း အဲဒီပြည်ကို မဝင်ရဘူး။+ ၃၈ မင်းရဲ့လက်ထောက် နုန်ရဲ့သား ယောရှုကတော့+ ဝင်ရမယ်။+ သူက အဲဒီပြည်ကို အစ္စရေးတွေ အမွေခံနိုင်အောင် လုပ်ပေးမှာမို့လို့ သူ့ကို အားပေးပါ”*+ လို့ပြောခဲ့တယ်။) 
 
- 
                                        
- 
	                        
            
            ယောရှု ၁၄:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၈ အတူသွားတဲ့ ညီအစ်ကိုတွေက လူတွေကို စိတ်ပျက်အားလျော့စေခဲ့ပေမဲ့ ကျွန်တော်ကတော့ ယေဟောဝါဘုရားရဲ့ စကားကို မြေဝယ်မကျ နားထောင်ခဲ့ပါတယ်။+ 
 
-