-
ယောရှု ၅:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ အီဂျစ်ပြည်ကထွက်လာတဲ့ အစ္စရေးတစ်မျိုးလုံး၊ ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်တဲ့ စစ်သည်ယောက်ျားအားလုံး သေဆုံးကုန်တဲ့အထိ+ အစ္စရေးတွေဟာ တောထဲမှာ နှစ်ပေါင်း ၄၀ သွားလာခဲ့ကြတယ်။+ ဒို့တစ်တွေကို ပေးမယ်လို့ ဘိုးဘေးတွေကို ယေဟောဝါကတိပေးခဲ့တဲ့+ နို့ နဲ့ပျားရည်စီးတဲ့ ဒီပြည်ကို+ သူတို့မြင်ခွင့်ရမှာ မဟုတ်ဘူးဆိုပြီး ယေဟောဝါ ကျိန်ဆိုခဲ့တယ်။+
-
-
ဆာလံ ၉၅:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ အဲဒီလူမျိုးဆက်ကို နှစ်ပေါင်း ၄၀ လုံး ငါရွံရှာခဲ့တယ်။
“သူတို့ရဲ့စိတ်ဟာ အမြဲပဲ လမ်းလွဲနေတယ်။
ငါ့လမ်းစဉ်တွေကို မသိကြဘူး” လို့ ငါပြောခဲ့တယ်။
-
-
တမန်တော် ၁၃:၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ဘုရားသခင်က သူတို့ကို တောကန္တာရထဲမှာ နှစ်ပေါင်း ၄၀ လုံး သည်းခံခဲ့တယ်။+
-