၃၁ အုံဖွဲ့နေတတ်တဲ့ အဲဒီသတ္တဝါအားလုံးဟာ မသန့်ရှင်းဘူး။+ အဲဒီအသေကောင်တွေကို ထိမိသူတိုင်း ညဦးပိုင်းအထိ မသန့်ရှင်းဘူး။+
၃၂ “‘သစ်သားအိုးခွက်၊ အဝတ်၊ သားရေ၊ အထည်ကြမ်း တစ်ခုခုပေါ် အဲဒီအသေကောင်တွေကျရင် အဲဒါတွေဟာ မသန့်ရှင်းဘူး။ ရေနဲ့ ဆေးကြောရမယ်။ ညဦးပိုင်းအထိ မသန့်ရှင်းဘူး။ ပြီးမှ သန့်ရှင်းသွားမယ်။