ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တောလည်ရာ ၂၇:၁၂-၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ အဲဒီနောက်  ယေဟောဝါက “အာဗရိမ်တောင်တန်းပေါ် တက်ပြီး+ အစ္စရေးတွေအတွက် ငါပေးမယ့်ပြည်ကို လှမ်းကြည့်ပါ။+ ၁၃ ကြည့်ပြီးရင် မင်းအစ်ကိုအာရုန်လိုပဲ+ ဘိုးဘေးတွေစုဝေးရာကို  ရောက်သွားလိမ့်မယ်။*+ ၁၄ ဇိနတော+ ကာဒေရှအရပ်၊+ မေရိဘစမ်းရေနားမှာ+ ငါ့ကို လူတွေရန်ရှာတုန်းက ငါ့အမိန့်ကို မင်းတို့ လွန်ဆန်ခဲ့ကြတယ်။ လူတွေရှေ့မှာ ငါ့ကို သန့်ရှင်းမြင့်မြတ်တဲ့အရှင်အဖြစ် ဂုဏ်မတင်ခဲ့ကြဘူး”+ လို့ မောရှေကို ပြောတယ်။

  • တရားဟောရာ ၁:၃၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၇ (ယေဟောဝါဘုရားက ခင်ဗျားတို့ကြောင့် ကျွန်တော့်ကို အမျက်ထွက်ပြီး “မင်းလည်း အဲဒီပြည်ကို မဝင်ရဘူး။+

  • တရားဟောရာ ၃:၂၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၆ ဒါပေမဲ့ ယေဟောဝါဘုရားက ခင်ဗျားတို့ကြောင့်+ ကျွန်တော့်ကို အမျက်ထွက်နေတုန်းပဲ။ ဒါကြောင့် ယေဟောဝါက ကျွန်တော်ပြောတာကို နားမထောင်ဘဲ ‘တော်ပြီ။ ဒီအကြောင်း ထပ်မပြောနဲ့တော့။

  • တရားဟောရာ ၃၂:၅၁၊ ၅၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅၁ မင်းတို့နှစ်ယောက်စလုံးက ဇိနတောကန္တာရ၊ ကာဒေရှအရပ်မှာရှိတဲ့ မေရိဘစမ်းရေနားမှာ+ အစ္စရေးတွေရှေ့ ငါ့ကို သစ္စာမဲ့ခဲ့ကြတယ်။ အစ္စရေးတွေရှေ့မှာ ငါ့ကို သန့်ရှင်းမြင့်မြတ်တဲ့အရှင်အဖြစ် ဂုဏ်မတင်ခဲ့ကြဘူး။+ ၅၂ ဒါကြောင့် အစ္စရေးတွေအတွက် ငါပေးမယ့်ပြည်ကို အဝေးကနေပဲ လှမ်းကြည့်ရလိမ့်မယ်။ ပြည်ထဲကို မင်းဝင်ရမှာ မဟုတ်ဘူး။”+

  • တရားဟောရာ ၃၄:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ ယေဟောဝါက “‘မင်းရဲ့မျိုးနွယ်ကိုပေးမယ်’+ ဆိုပြီး အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့ကို ငါကတိပေးခဲ့တဲ့ ပြည်ဟာ ဒီပြည်ပဲ။ မင်းကို အဲဒီပြည် မြင်ခွင့်ပေးတယ်။ ဒါပေမဲ့ မင်း ဝင်ခွင့်ရမှာ မဟုတ်ဘူး”+ လို့ မောရှေကို ပြောတယ်။

  • ယောရှု ၁:၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ “ငါ့ကျွန်မောရှေ သေဆုံးသွားပြီ။+ ဒါကြောင့် မင်းက အစ္စရေးလူမျိုးနဲ့အတူ ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး ငါပေးမယ့်ပြည်ထဲ ဝင်ဖို့ အသင့်ပြင်ပါ။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ