- 
	                        
            
            ထွက်မြောက်ရာ ၂၂:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၀ “ယေဟောဝါဆီ မဟုတ်ဘဲ တခြားဘုရားတွေဆီ ယဇ်ပူဇော်သူကို သေဒဏ်ပေးရမယ်။+ 
 
- 
                                        
- 
	                        
            
            ထွက်မြောက်ရာ ၃၂:၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၅ အာရုန်ကြောင့် လူတွေ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ရန်သူတွေ ကဲ့ရဲ့စရာဖြစ်နေတာကို မြင်တဲ့အခါ၊ 
 
- 
                                        
- 
	                        
            
            ထွက်မြောက်ရာ ၃၂:၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၇ မောရှေက “‘ဓားကိုယ်စီ ကိုင်ကြ။ စခန်းအဝင်ပေါက် တစ်ခုပြီးတစ်ခု သွားကြ။ ကိုယ့်ညီအစ်ကို၊ ကိုယ့်အမျိုးသားချင်း၊ ကိုယ့်မိတ်ဆွေရင်းတွေကို သတ်ကြ။’ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့အမိန့်ပဲ” လို့ပြောတယ်။+ 
 
- 
                                        
- 
	                        
            
            တရားဟောရာ ၁၃:၆-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၆ “မိခင်ကမွေးတဲ့ ကိုယ့်ညီအစ်ကို၊ ကိုယ့်သားသမီး၊ ကိုယ်မြတ်နိုးရတဲ့ဇနီး၊ မိတ်ရင်းဆွေရင်း တစ်ယောက်ယောက်က ကိုယ်တိုင်ရော၊ ဘိုးဘေးတွေပါ မသိတဲ့ ‘တခြားဘုရားတွေကို သွားဝတ်ပြုကြစို့’ လို့ပြောပြီး တိတ်တဆိတ် သွေးဆောင်ခဲ့ရင်၊+ ၇ ရပ်နီးရပ်ဝေးမှာ နေထိုင်သူ၊ တိုင်းပြည်တစ်ခွင်မှာ နေထိုင်သူတွေရဲ့ ဘုရားတွေကို ဝတ်ပြုဖို့ သွေးဆောင်ခဲ့ရင်၊ ၈ သူ့ကို မလိုက်လျောနဲ့။ သူပြောတာကို နားမထောင်နဲ့။+ သူ့ကို မသနားနဲ့။ မညှာတာနဲ့။ မကာကွယ်ပေးနဲ့။ ၉ သူ့ကို ကျိန်းသေ ကွပ်မျက်ရမယ်။+ ကိုယ်တိုင် အရင်ဆုံး ကျောက်ခဲနဲ့ ပေါက်ရမယ်။ ပြီးမှ တခြားလူတွေက ကျောက်ခဲနဲ့ ပေါက်သတ်ရမယ်။+ 
 
-