- 
	                        
            
            ထွက်မြောက်ရာ ၃၂:၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၇ မောရှေက “‘ဓားကိုယ်စီ ကိုင်ကြ။ စခန်းအဝင်ပေါက် တစ်ခုပြီးတစ်ခု သွားကြ။ ကိုယ့်ညီအစ်ကို၊ ကိုယ့်အမျိုးသားချင်း၊ ကိုယ့်မိတ်ဆွေရင်းတွေကို သတ်ကြ။’ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့အမိန့်ပဲ” လို့ပြောတယ်။+ 
 
- 
                                        
- 
	                        
            
            ဝတ်ပြုရာ ၁၀:၆၊ ၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၆ မောရှေက အာရုန်နဲ့ ကျန်တဲ့သား ဧလာဇာ၊ ဧသမာတို့ကို “ဆံပင်တွေ မဖြီးဘဲမနေနဲ့။ အဝတ်တွေကိုလည်း မဆုတ်ဖြဲနဲ့။+ ဒီလိုမှမဟုတ်ရင် ခင်ဗျားတို့ သေလိမ့်မယ်။ အစ္စရေးလူစုကို ဘုရားသခင် အမျက်ထွက်လိမ့်မယ်။ ယေဟောဝါ မီးနဲ့ဖျက်ဆီးလိုက်တဲ့သူတွေအတွက် ခင်ဗျားတို့ရဲ့ညီအစ်ကို အစ္စရေးတွေပဲ ငိုကြွေးရမယ်။ ၇ ခင်ဗျားတို့ကိုတော့ ယေဟောဝါရဲ့ ဘိသိက်ဆီ လောင်းထားတဲ့အတွက်+ တွေ့ဆုံရာတဲတော် ဝင်ပေါက်နားမှာပဲ နေကြပါ။ ထွက်သွားရင် သေလိမ့်မယ်” လို့ပြောတယ်။ သူတို့လည်း မောရှေပြောတဲ့အတိုင်း လုပ်ကြတယ်။ 
 
-