- 
	                        
            
            ၁ ဘုရင်များ ၄:၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၃၄ နိုင်ငံအသီးသီးက လူတွေဟာ ရှောလမုန်ရဲ့ ဉာဏ်ပညာစကားကို နားထောင်ဖို့ လာကြတယ်။ ကမ္ဘာအရပ်ရပ်က ဘုရင်တွေတောင် သူ့ဉာဏ်ပညာအကြောင်း ကြားသိပြီး ရောက်လာကြတယ်။+ 
 
- 
                                        
- 
	                        
            
            ၁ ဘုရင်များ ၁၀:၄-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄ ရှေဘဘုရင်မက ရှောလမုန်ရဲ့ ဉာဏ်ပညာကြီးမားပုံ၊+ တည်ဆောက်ထားတဲ့ နန်းတော်၊+ ၅ ပွဲတော်စာတွေ၊+ မှူးမတ်တွေအတွက် နေရာထိုင်ခင်း စီစဉ်ပုံ၊ ပွဲတော်အမှုထမ်းတွေရဲ့ တည်ခင်းဧည့်ခံပုံနဲ့ ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်တွေ၊ ယေဟောဝါရဲ့အိမ်တော်မှာ ပုံမှန်ပူဇော်တဲ့ မီးရှို့ရာ ပူဇော်သက္ကာတွေကို မြင်လိုက်ရတဲ့အခါ ရင်သပ်ရှုမော ဖြစ်သွားတယ်။ ၆ ဒါကြောင့် “မင်းကြီးရဲ့ အောင်မြင်မှုသတင်း၊ ဉာဏ်ပညာကြီးမားတဲ့ သတင်းက ကျွန်မရဲ့တိုင်းပြည်အထိ ပျံ့နေတယ်။ ဒီသတင်း သိပ်မှန်တာပဲ။ ၇ ဒီကိုလာပြီး မျက်စိနဲ့ တပ်အပ်မမြင်ရခင်က ဒီသတင်းကို မယုံခဲ့ဘူး။ ကြည့်ပါဦး။ ကျွန်မကြားထားတာတွေဟာအကုန်မဟုတ်သေးပါလား။ မင်းကြီးရဲ့ ဉာဏ်ပညာနဲ့ ဘုန်းစည်းစိမ်ဟာ ကျွန်မကြားထားတာထက် အဆမတန် သာလွန်နေပါလား။ 
 
- 
                                        
- 
	                        
            
            ဒံယေလ ၁:၁၉၊ ၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၉ နေဗုခဒ်နေဇာက စကားပြောကြည့်တဲ့အခါ လူငယ်လေးတွေထဲမှာ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိမှန်း သိလိုက်ရတယ်။+ ဒါကြောင့် ရှေ့တော်မှာ သူတို့ကို ဆက်ပြီးအမှုထမ်းစေတယ်။ ၂၀ သူတို့ဟာ ဉာဏ်ပညာနဲ့ သိနားလည်မှုသုံးပြီး ဖြေရမယ့် မေးခွန်းမှန်သမျှကို ဖြေနိုင်တဲ့အတွက် တစ်ပြည်လုံးမှာရှိတဲ့ မှော်ဆရာတွေ၊ မျက်လှည့်ဆရာတွေထက် ဆယ်ဆသာတယ်။+ 
 
-