ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၂၆:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ နောက်ဆုံးမှာ ယေဟောဝါက အားကြီးတဲ့လက်၊ တန်ခိုးကြီးတဲ့လက်ရုံး၊+ ကြောက်မက်ဖွယ် လုပ်ရပ်တွေ၊ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေနဲ့+ ကျွန်တော်တို့ကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ခဲ့တယ်။

  • ဆာလံ ၇၈:၄၃-၅၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၃ အီဂျစ်ပြည်မှာ ထူးဆန်းတဲ့အရာတွေကို ဘုရား ဘယ်လိုပြခဲ့တယ်၊+

      ဇောနအရပ်မှာ အံ့ဖွယ်အမှုတွေကို ဘယ်လိုလုပ်ပြခဲ့တယ်ဆိုတာ သတိမရကြဘူး။

      ၄၄ အီဂျစ်ပြည်သားတွေ သောက်လို့မရအောင် နိုင်းမြစ်တူးမြောင်းထဲက ရေကို သွေးဖြစ်စေခဲ့မှန်းလည်း သတိမရကြဘူး။+

      ၄၅ ဘုရားက မှက်တွေ အုပ်လိုက်လွှတ်ပြီး ကိုက်စေခဲ့တယ်။+

      ဖားတွေလွှတ်ပြီးဖျက်ဆီးခဲ့တယ်။+

      ၄၆ ကျိုင်းကောင်တွေ လွှတ်ပြီး ကောက်ပဲသီးနှံတွေကို စားစေတယ်။

      ကျိုင်းကောင်အုပ်တွေ လွှတ်ပြီး တပင်တပန်း စိုက်ထားတဲ့ သီးနှံတွေကို စားစေတယ်။+

      ၄၇ စပျစ်ပင်နဲ့ သဖန်းပိုးစာပင်တွေကို မိုးသီးတွေ ရွာချပြီး ဖျက်ဆီးပစ်တယ်။+

      ၄၈ ဝန်တင်တိရစ္ဆာန်တွေအပေါ် မိုးသီးကျစေတယ်။+

      ခြံမွေးတိရစ္ဆာန်တွေကို မိုးကြိုးပစ်စေတယ်။*

      ၄၉ ဘုရားက အမျက်တော်ရှပြီး အမျက်ဒေါသ၊ ဘေးဒုက္ခနဲ့ ဒဏ်ခတ်တယ်။

      ကောင်းကင်တမန်အုပ်စုကို သုံးပြီး ဘေးဆိုးတွေ ကျရောက်စေတယ်။

      ၅၀ ဒေါသကို မထိန်းချုပ်ဘဲ လွှတ်လိုက်တယ်။

      သူတို့ကို အသက်ချမ်းသာ မပေးဘဲ

      ကပ်ရောဂါဘေးလက်ထဲ အပ်လိုက်တယ်။

      ၅၁ နောက်ဆုံး၊ အီဂျစ်ပြည်ရဲ့ သားဦးမှန်သမျှကို ကွပ်မျက်တယ်။+

      သူတို့ဟာ ဟာမရဲ့တဲတွေထဲက ရင်သွေးဦးတွေပဲ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ