ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၄:၂၅၊ ၂၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၅ “ခင်ဗျားတို့ အဲဒီပြည်မှာ သားမြေးတွေရလာပြီး အနေကြာလာတဲ့အခါ ဖောက်ပြန်လာမယ်၊ ရုပ်တုတွေ လုပ်မယ်၊+ ယေဟောဝါဘုရားရှေ့မှာ မကောင်းမှုလုပ်ပြီး အမျက်ထွက်စေမယ်ဆိုရင်၊+ ၂၆ ကောင်းကင်နဲ့ မြေကြီးကို သက်သေထားပြီး ကျွန်တော်ပြောမယ်– ခင်ဗျားတို့ဟာ ဂျော်ဒန်မြစ်ကို ကူးပြီး သိမ်းပိုက်ရတော့မယ့်ပြည်မှာ အမြန်ဆုံး ပျက်စီးသွားမယ်။ ကြာရှည်မနေရဘဲ အစတုံး ဖျက်ဆီးခံရမယ်။+

  • တရားဟောရာ ၃၀:၁၇၊ ၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ “ဒါပေမဲ့ ခင်ဗျားတို့ စိတ်နှလုံးလမ်းလွဲသွားပြီး+ နားမထောင်ဘူး၊ သွေးဆောင်ခံရပြီး တခြားဘုရားတွေကို ဦးချဝတ်ပြုမယ်ဆိုရင်တော့၊+ ၁၈ မလွဲမသွေ ပျက်စီးရမယ်ဆိုတာ ကျွန်တော် အခုသတိပေးတယ်။+ ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး အပိုင်ရမယ့်ပြည်မှာ အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး။

  • ယောရှု ၂၃:၁၂၊ ၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ “ဘုရားသခင်ကို  ကျောခိုင်းမယ်၊ ကျန်နေသေးတဲ့ လူမျိုးတွေကို+ တွယ်တာနေမယ်၊ သူတို့နဲ့ ထိမ်းမြားပေးစားမယ်၊+ မိတ်ဖွဲ့ပေါင်းသင်းမယ်ဆိုရင်တော့၊ ၁၃ အဲဒီလူမျိုးတွေကို ယေဟောဝါဘုရား ဆက်ပြီးမောင်းထုတ်ပေးမှာ မဟုတ်ဘူးဆိုတာ သိထားကြပါ။+ အဲဒီလူမျိုးတွေက ထောင်ချောက်လို၊ ကျော့ကွင်းလို၊ နံစောင်းကိုရိုက်တဲ့ ကျာပွတ်လို၊+ မျက်စိကိုစူးတဲ့ ဆူးတွေလို ဖြစ်လာမယ်။ ဒီလိုနဲ့ ခင်ဗျားတို့ဟာ ယေဟောဝါဘုရားပေးတဲ့ ဒီသာယာလှပတဲ့ ပြည်မှာ လုံးဝပျက်စီးသွားမယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ