- 
	                        
            
            တောလည်ရာ ၁၃:၂၃-၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၃ ဧရှကောလသဲချောင်းကို+ ရောက်လာတဲ့အခါ စပျစ်သီးတစ်ပြွတ်ပါတဲ့ အကိုင်းကိုခုတ်ပြီး လူနှစ်ယောက်က တုတ်နဲ့လျှိုထမ်းလာကြတယ်။ သလဲသီးနဲ့ သဖန်းသီးတချို့လည်း ပါတယ်။+ ၂၄ အစ္စရေးတွေခုတ်ယူခဲ့တဲ့ စပျစ်သီးပြွတ်ကို အစွဲပြုပြီး အဲဒီအရပ်ကို ဧရှကောလ* သဲချောင်းလို့+ ခေါ်ကြတယ်။ ၂၅ သူတို့က ပြည်ကို ရက် ၄၀+ ထောက်လှမ်းပြီးနောက် ပြန်လာကြတယ်။ ၂၆ ပါရန်တောကန္တာရ၊ ကာဒေရှအရပ်မှာရှိနေတဲ့+ မောရှေ၊ အာရုန်နဲ့ အစ္စရေးတွေဆီ ပြန်ရောက်လာတဲ့အခါ အကြောင်းစုံပြောပြပြီး ယူလာတဲ့အသီးတွေကို ပြကြတယ်။ ၂၇ မောရှေကိုလည်း “ကျွန်တော်တို့ကို သွားခိုင်းတဲ့ တိုင်းပြည်ထဲ ရောက်ခဲ့တယ်။ တကယ့်ကို နို့နဲ့ပျားရည်စီးတဲ့ပြည်ပါပဲ။+ ဒါတွေဟာ အဲဒီပြည်ထွက်အသီးတွေပါ။+ 
 
-