- 
	                        
            
            ထွက်မြောက်ရာ ၁၉:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၉ တံပိုးမှုတ်သံ ကျယ်သည်ထက် ကျယ်လာတဲ့အခါ မောရှေခေါ်လိုက်တော့ စစ်မှန်တဲ့ဘုရားသခင်လည်း ပြန်ထူးတယ်။ 
 
- 
                                        
- 
	                        
            
            တရားဟောရာ ၄:၁၀-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၀ ဟောရပ်အရပ်မှာ ယေဟောဝါဘုရားရှေ့ ခင်ဗျားတို့ ရပ်ခဲ့တဲ့နေ့တုန်းက ‘ငါ့စကားတွေကို ကြားနာနိုင်အောင်+ လူတွေကို စုရုံးပါ။ ဒါမှ သူတို့ အသက်ရှင်နေသရွေ့ ငါ့ကို ကြောက်ရွံ့ရိုသေလာမယ်။+ သားမြေးတွေကိုလည်း သင်ပေးနိုင်မယ်’+ ဆိုပြီး ကျွန်တော့်ကို ယေဟောဝါ ပြောခဲ့တယ်။ ၁၁ “ဒါနဲ့ တောင်ခြေနားမှာ ခင်ဗျားတို့ လာရပ်ကြတယ်။ အဲဒီအချိန် တောင်ပေါ်မှာ မီးလောင်နေပြီး မီးတောက်မီးလျှံတွေ မိုးပေါ် တက်နေတယ်။ မည်းမှောင်နေတဲ့ တိမ်ထုကြီး ဖုံးလွှမ်းနေတယ်။+ ၁၂ ယေဟောဝါဘုရားက မီးထဲကနေ စကားပြောတဲ့အခါ+ စကားသံကို+ ခင်ဗျားတို့ ကြားရပေမဲ့ ပုံသဏ္ဌာန်ကိုတော့ မမြင်ခဲ့ရဘူး။+ ၁၃ ခင်ဗျားတို့ လိုက်နာရမယ့် ပဋိညာဉ်ဖြစ်တဲ့+ ပညတ်တော်ဆယ်ပါးကို+ ဘုရား မိန့်မှာပြီး ကျောက်ပြားနှစ်ချပ်ပေါ်မှာ ရေးပေးခဲ့တယ်။+ 
 
-