- 
	                        
            
            တောလည်ရာ ၁၄:၃၉-၄၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၃၉ မောရှေက အဲဒီစကားတွေ ပြန်ပြောပြတဲ့အခါ အစ္စရေးတွေ အကြီးအကျယ် ငိုကြတယ်။ ၄၀ ပြီးတော့ မနက်စောစောထ၊ တောင်ပေါ်တက်ဖို့ ပြင်ဆင်ပြီး “ငါတို့အပြစ်လုပ်ခဲ့ပေမဲ့ ယေဟောဝါဘုရားပြောတဲ့ နေရာဆီ တက်သွားဖို့ အခု အသင့်ဖြစ်နေပြီ”+ လို့ပြောကြတယ်။ ၄၁ မောရှေက “ခင်ဗျားတို့ ဘာကြောင့် ယေဟောဝါဘုရားရဲ့ အမိန့်ကို လွန်ဆန်ကြတာလဲ။ ခင်ဗျားတို့ အောင်မြင်မှာ မဟုတ်ဘူး။ ၄၂ ခင်ဗျားတို့နဲ့အတူ ယေဟောဝါဘုရား မရှိတော့တဲ့အတွက် မတက်သွားကြနဲ့။ ရန်သူတွေကို အနိုင်ရမှာ မဟုတ်ဘူး။+ ၄၃ အာမလက်လူမျိုး၊ ခါနန်လူမျိုးတွေ ပြန်တိုက်လို့+ ဓားဘေးနဲ့ သေရလိမ့်မယ်။ ယေဟောဝါဘုရားရဲ့ စကားကို နားမထောင်တဲ့အတွက် ခင်ဗျားတို့နဲ့အတူ ယေဟောဝါရှိမှာ မဟုတ်ဘူး”+ ဆိုပြီး သူတို့ကိုပြောတယ်။ ၄၄ ဒါပေမဲ့ သူတို့အတင့်ရဲပြီး တောင်ပေါ် တက်သွားကြတယ်။+ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာနဲ့ မောရှေကတော့ စခန်းထဲကနေ မခွာဘူး။+ ၄၅ တောင်ပေါ်မှာနေတဲ့ အာမလက်လူမျိုး၊ ခါနန်လူမျိုးတွေ ဆင်းလာပြီး တိုက်ခိုက်တဲ့အတွက် သူတို့က ဟောမာမြို့အထိ ကစဉ့်ကလျား ထွက်ပြေးခဲ့ရတယ်။+ 
 
-