-
မဿဲ ၅:၄၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၂ တောင်းတဲ့သူကို ပေးပါ။ ချေးငှားချင်တဲ့သူကိုလည်း မငြင်းဘဲ ချေးလိုက်ပါ။+
-
-
လုကာ ၆:၃၄၊ ၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၄ ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ချေးငှားပေးရင် ဘာထူးခြားလို့လဲ။+ အပြစ်သားတွေတောင် ကျေးဇူးဆပ်ခံချင်လို့ အချင်းချင်း ချေးငှားတတ်တာပဲ။ ၃၅ ခင်ဗျားတို့ကတော့ ရန်သူတွေကို မေတ္တာထားမြဲထားပါ။ အမြဲကောင်းမှုပြုပါ။ ပြန်ရမယ်လို့ မမျှော်လင့်ဘဲ အမြဲချေးငှားပေးပါ။+ အဲဒီလိုလုပ်ရင် ခင်ဗျားတို့ရမယ့် ဆုဟာ ကြီးမြတ်လိမ့်မယ်။ အမြင့်မြတ်ဆုံးအရှင်ရဲ့ သားတွေ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားက ကျေးဇူးမသိတတ်သူတွေ၊ လူဆိုးတွေကို ကျေးဇူးပြုတဲ့အရှင် ဖြစ်လို့ပဲ။+
-
-
ဂလာတိ ၂:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ နွမ်းပါးသူတွေကို မေ့မထားကြပါနဲ့ဆိုပြီး ကျွန်တော်တို့ကို သူတို့ မှာဖြစ်အောင် မှာလိုက်တယ်။ ကျွန်တော်လည်း အဲဒီအတိုင်းလုပ်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါတယ်။+
-