-
တရားသူကြီး ၁၁:၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၅ သမီးကိုမြင်တော့ ယေဖသခမျာ အဝတ်ကိုဆွဲဆုတ်ပြီး “အို သမီးရယ်။ အဖေတော့ ရင်ကွဲရပါပြီ။ သမီးလေးကို အဝေးဆီ ပို့လိုက်ရတော့မှာပါလား။ ယေဟောဝါဘုရားကို အဖေ ကတိပေးထားပြီးပြီ။ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး”+ ဆိုပြီးပြောတယ်။
-
-
၁ ရှမွေလ ၁၄:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ အဲဒီနေ့မှာ အစ္စရေးစစ်သည်တွေ မောပန်းနွမ်းနယ်နေကြတယ်။ ရှောလုက “ငါ့ရန်သူတွေကို လက်စားချေလို့ မပြီးခင်၊ ညဦးပိုင်း မရောက်ခင် အစာစားတဲ့သူ ကျိန်စာသင့်ပါစေ” ဆိုပြီး စစ်သည်တွေကို ကျိန်ဆိုခိုင်းထားတဲ့အတွက် တစ်ယောက်မှ အစာမစားကြဘူး။+
-