- 
	                        
            
            ထွက်မြောက်ရာ ၁၇:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၄ ယေဟောဝါက “ဒီအကြောင်းကို အမှတ်တရဖြစ်အောင် မှတ်တမ်းတင်ထားပါ။ ‘အာမလက်လူတွေကို မြေကြီးပေါ်ကနေ ငါအစတုံးဖျက်ဆီးမယ်။ သူတို့ကို အမှတ်ရကြတော့မှာ မဟုတ်ဘူး’+ လို့ယောရှုကို ပြောလိုက်ပါ” ဆိုပြီး မောရှေကို ပြောတယ်။ 
 
- 
                                        
- 
	                        
            
            ၁ ရှမွေလ ၁၄:၄၇၊ ၄၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၄၇ ရှောလုက အစ္စရေးပြည်မှာ ဘုရင့်အာဏာ ခိုင်မြဲအောင် လုပ်တယ်။ ပတ်ဝန်းကျင် ရန်သူတွေဖြစ်တဲ့ မောဘ၊+ အမ္မုန်၊+ ဧဒုံ၊+ ဖိလိတိလူမျိုးတွေနဲ့+ ဇောဘဘုရင်တွေကို+ စစ်တိုက်တယ်။ တိုက်ပွဲတိုင်းမှာ အနိုင်ရခဲ့တယ်။ ၄၈ သူက ရွပ်ရွပ်ချွံချွံ တိုက်ခိုက်တယ်။ အာမလက်လူမျိုးကို နှိမ်နင်းပြီး+ အစ္စရေးတွေကို တိုက်ခိုက် လုယက်သူတွေလက်ကနေ ကယ်တင်ခဲ့တယ်။ 
 
- 
                                        
- 
	                        
            
            ၁ ရှမွေလ ၁၅:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၁၅ ရှမွေလက ရှောလုကို “ယေဟောဝါဘုရားက မင်းကို အစ္စရေးတွေရဲ့ ဘုရင်အဖြစ် ဘိသိက်ပေးဖို့ ငါ့ကို စေလွှတ်ခဲ့တယ်။+ အခု ယေဟောဝါဘုရား ပြောမယ့်စကားကို နားထောင်ပါ။+ ၂ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက ‘အီဂျစ်ပြည်ကနေ အစ္စရေးတွေ ထွက်လာတဲ့အခါ အာမလက်လူမျိုးက လမ်းမှာ ဆန့်ကျင်တားဆီးခဲ့ကြတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ရပ်အတွက် ငါပြစ်ဒဏ်ပေးမယ်။+ ၃ အခုသွားပြီး အာမလက်လူမျိုးကို တိုက်ခိုက်ပါ။+ သူတို့နဲ့သူတို့မှာ ရှိသမျှကို အကုန်ဖျက်ဆီးပါ။+ တစ်ယောက်ကိုမှ ချန်မထားနဲ့။+ ယောက်ျား၊ မိန်းမ၊ နို့စို့နို့ညှာ၊ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်တွေပါမကျန် သတ်လိုက်ပါ’”+ လို့ပြောတယ်။ 
 
-