-
တရားဟောရာ ၃:၁၉၊ ၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ သားမယားတွေ၊ တိရစ္ဆာန်တွေကတော့ ပေးထားတဲ့မြို့တွေမှာ နေခဲ့ရမယ်။ (ခင်ဗျားတို့မှာ တိရစ္ဆာန်တွေ အများကြီးရှိတာ ကျွန်တော်သိတယ်။) ၂၀ ယေဟောဝါဘုရားက ခင်ဗျားတို့ကို အေးချမ်းစွာ နေထိုင်ခွင့်ပေးခဲ့တယ်။ ဒါကြောင့် ခင်ဗျားတို့လည်း ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ယေဟောဝါဘုရား ပေးမယ့်ပြည်ကို ညီအစ်ကိုတွေ သိမ်းပိုက်ပြီး အေးချမ်းစွာ နေထိုင်ခွင့်ရမယ့်အချိန်အထိ ကူညီပေးရမယ်။ ပြီးမှ ကိုယ်ရထားတဲ့ နယ်မြေတွေဆီ ပြန်လာရမယ်။’+
-
-
တရားဟောရာ ၂၉:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ သူတို့တိုင်းပြည်ကို သိမ်းယူပြီး ရုဗင်အနွယ်၊ ဂဒ်အနွယ်နဲ့ မနာရှေအနွယ်တစ်ဝက်ကို အမွေပေးလိုက်တယ်။+
-
-
ယောရှု ၁၃:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ယေဟောဝါရဲ့ကျွန် မောရှေပေးခဲ့တဲ့အတိုင်း မနာရှေအနွယ်တစ်ဝက်၊ ရုဗင်အနွယ်၊ ဂဒ်အနွယ်တို့က ဂျော်ဒန်မြစ်အရှေ့ဘက်မှာ အမွေရခဲ့တယ်။ သူတို့ရတဲ့ အမွေမြေ ကတော့–+
-