၂၅ ဂဒ်အနွယ်နဲ့ ရုဗင်အနွယ်က “သခင်ပြောတဲ့အတိုင်း လုပ်ပါ့မယ်။ ၂၆ ကျွန်တော်တို့ရဲ့ သားမယားတွေ၊ ခြံမွေးတိရစ္ဆာန်တွေက ဂိလဒ်ပြည်မှာရှိတဲ့ မြို့တွေမှာ နေရစ်ခဲ့ပါမယ်။+ ၂၇ ကျွန်တော်တို့ကတော့ သခင်ပြောတဲ့အတိုင်း ယေဟောဝါဘုရားရှေ့ တိုက်ပွဲဝင်ဖို့ လက်နက်စွဲကိုင်ပြီး ဖြတ်ကူးသွားပါ့မယ်”+ လို့ပြန်ပြောကြတယ်။