-
ယောရှု ၇:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ အာအိမြို့သားတွေက အစ္စရေးစစ်သည် ၃၆ ယောက်ကို ကွပ်မျက်ပြီး မြို့ပြင်ကနေ ရှေဗရိမ်* အရပ်အထိ တောင်အဆင်းလမ်းတစ်လျှောက် လိုက်တိုက်တယ်။ စစ်သည်တွေလည်း စိတ်ပျက်အားလျော့ပြီး ကြောက်စိတ်ဝင်လာတယ်။
-
-
ယောရှု ၇:၂၄၊ ၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ ယောရှုနဲ့ အစ္စရေးတွေက ဇေရသား အာခန်ကို+ ငွေ၊ ဝတ်လုံ၊ ရွှေချောင်း၊+ သားသမီး၊ နွား၊ မြည်း၊ သိုး၊ သူ့တဲ၊ သူပိုင်ဆိုင်သမျှတွေနဲ့အတူ အာခေါ်ချိုင့်ဝှမ်းဆီ+ ခေါ်ထုတ်သွားကြတယ်။ ၂၅ ယောရှုက “ငါတို့ ဘေးဒုက္ခရောက်အောင် ဘာလို့လုပ်တာလဲ။+ ဒီနေ့ ယေဟောဝါဘုရားက မင်းကို ဒုက္ခရောက်စေမယ်” လို့ပြောတယ်။ ပြီးတာနဲ့ အစ္စရေးတွေက သူတို့ကို ကျောက်ခဲနဲ့ ပေါက်သတ်ပြီး+ မီးရှို့လိုက်တယ်။+ ဒီနည်းနဲ့ သူတို့အားလုံးကို ကျောက်ခဲနဲ့ ပေါက်သတ်ကြတယ်။
-