-
ယောရှု ၁၅:၁၆-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ကာလက်က “ကိရယသေဖာမြို့ သိမ်းပိုက်နိုင်သူကို ငါ့သမီးအာခသနဲ့ ပေးစားမယ်” လို့ပြောတယ်။ ၁၇ ကာလက်ညီ ကေနတ်ရဲ့သား+ ဩသံယေလက+ အဲဒီမြို့ကို သိမ်းပိုက်လိုက်တယ်။ ဒါကြောင့် ကာလက်က ဩသံယေလကို သမီးအာခသနဲ့+ ပေးစားတယ်။ ၁၈ အာခသက ယောက်ျားအိမ်ကို လိုက်သွားချိန်မှာ ဖခင်ဆီကနေ မြေတစ်ကွက်တောင်းဖို့ ယောက်ျားကို တိုက်တွန်းတယ်။ အဲဒီနောက် မြည်းပေါ်ကနေ ဆင်းလိုက်တယ်။* ကာလက်က “ဘာလိုချင်လို့လဲ” ဆိုပြီးမေးတော့၊+ ၁၉ “သမီးကို ဆုလက်ဆောင်ပေးပါဦး။ အဖေက တောင်ဘက်မှာ မြေတစ်ကွက် ပေးထားပြီဆိုတော့ ဂုလောသမိမ်* အရပ်ကိုလည်း ပေးပါဦး” လို့ထပ်တောင်းတယ်။ ဒါနဲ့ ကာလက်က အထက်ဂုလောနဲ့ အောက်ဂုလောကို ပေးလိုက်တယ်။
-