-
ကမ္ဘာဦး ၂၈:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အနန္တတန်ခိုးရှင် ဘုရားသခင်က မင်းကို ကောင်းချီးပေးမယ်။ မင်းရဲ့သားမြေးတွေကို ပွားများစေမယ်။ မင်းဟာ တကယ်ပဲ လူစုကြီးရဲ့ဖခင် ဖြစ်လာမယ်။+
-
-
ကမ္ဘာဦး ၃၅:၂၃-၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ လေအာနဲ့ရတဲ့သားတွေက သားဦးရုဗင်၊+ ရှိမောင်၊ လေဝိ၊ ယုဒ၊ အိသခါ၊ ဇာဗုလုန်။ ၂၄ ရာခေလနဲ့ရတဲ့ သားတွေက ယောသပ်နဲ့ ဗင်ယာမိန်။ ၂၅ ရာခေလရဲ့ကျွန်မ ဗိလဟာနဲ့ရတဲ့ သားတွေက ဒန်နဲ့ နဿလိ။ ၂၆ လေအာရဲ့ကျွန်မ ဇိလပနဲ့ရတဲ့ သားတွေက ဂဒ်နဲ့ အာရှာ။ သူတို့ဟာ ပါဒန်အာရံအရပ်မှာ ယာကုပ်ရခဲ့တဲ့သားတွေပဲ။
-
-
ကမ္ဘာဦး ၄၆:၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ သူတို့ဟာ ပါဒန်အာရံအရပ်မှာ ယာကုပ်နဲ့ရတဲ့ လေအာရဲ့သားမြေးတွေပဲ။ သမီးကတော့ ဒိန။+ သားသမီးမြေးမြစ် စုစုပေါင်း ၃၃ ယောက် ရှိတယ်။
-
-
ကမ္ဘာဦး ၄၆:၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ သူတို့ဟာ သမီးလေအာကို လာဗန်လက်ဖွဲ့လိုက်တဲ့ ဇိလပရဲ့+ သားတွေပဲ။ ယာကုပ်နဲ့ရတဲ့ ဇိလပရဲ့ သားမြေးပေါင်း ၁၆ ယောက် ရှိတယ်။
-
-
ကမ္ဘာဦး ၄၆:၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ သူတို့ဟာ ယာကုပ်နဲ့ရတဲ့ ရာခေလရဲ့သားမြေးတွေပဲ။ အားလုံးပေါင်း ၁၄ ယောက် ရှိတယ်။
-
-
ကမ္ဘာဦး ၄၆:၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ သူတို့ဟာ သမီးရာခေလကို လာဗန်လက်ဖွဲ့လိုက်တဲ့ ဗိလဟာရဲ့ သားတွေပဲ။ ယာကုပ်နဲ့ရတဲ့ ဗိလဟာရဲ့သားမြေးပေါင်း ၇ ယောက် ရှိတယ်။
-