-
တရားသူကြီး ၁၆:၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ ဖိလိတိမင်းတွေက “ငါတို့ဘုရားက ရန်သူရှံဆုန်ကို ငါတို့လက်ထဲအပ်ပြီ” ဆိုပြီး သူတို့ရဲ့ဘုရား ဒါဂုန်ကို+ ဂုဏ်ပြုတဲ့အနေနဲ့ ယဇ်ပူဇော်ပွဲကြီးလုပ်ဖို့ စုရုံးကြတယ်။
-
-
၁ ရာဇဝင်ချုပ် ၁၀:၈-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ နောက်တစ်နေ့မှာ ဖိလိတိလူတွေက ကျဆုံးသူတွေရဲ့ ပစ္စည်းတန်ဆာတွေကို ချွတ်ယူဖို့ လာတဲ့အခါ ဂိလဗောတောင်ပေါ်မှာ ရှောလုနဲ့ သားတော်တွေ သေဆုံးနေတာကို တွေ့တယ်။+ ၉ ဒါနဲ့ ရှောလုရဲ့ ခေါင်းကို ဖြတ်ပြီး သူ့ချပ်ဝတ်တန်ဆာတွေကို ချွတ်ယူကြတယ်။ ပြီးတော့ ဖိလိတိတစ်ပြည်လုံးကို တမန်တွေ လွှတ်ပြီး သူတို့ရဲ့ ဘုရားကျောင်းတွေမှာ၊+ လူတွေအလယ်မှာ သတင်းပျံ့သွားအောင် လုပ်တယ်။ ၁၀ အဲဒီနောက် ရှောလုရဲ့ ချပ်ဝတ်တန်ဆာကို သူတို့ရဲ့ ဘုရားကျောင်းမှာ ထားပြီး ခေါင်းကိုတော့ ဒါဂုန်ဘုရားကျောင်းမှာ ချိတ်ဆွဲထားလိုက်တယ်။+
-